ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့တွင် ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဂိုဏ်းအဖွဲ့ဝင် (၆) ဦးအား ဖမ်းဆီးရမိပြီဟုဆို

လားရှိုးမြို့တွင် ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဂိုဏ်းအဖွဲ့ဝင် (၆) ဦးအား ဖမ်းဆီးရမိပြီဟုဆို

Hsan Loi Editor
05/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆိုင်ကယ်စီးသူများကို ဓားဖြင့်ခုတ်၊ တုတ်နှင့်ရိုက်ပြီး ဆိုင်ကယ်များ၊ ပိုက်ဆံအိတ်များ၊ ဖုန်းများ လုယက်သည့် လုယက်ဂိုဏ်းအဖွဲ့ဝင် (၆) ဦးအား ၂၀၂၃ ခုနှစ် ဇွန်လတွင် လားရှိုးမြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

လုယက်သူ (၆) ဦးအပါအဝင် ၎င်းတို့ လုယက်ထားသည့် ဆိုင်ကယ် (၂၂) ဦးစီးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်များကို ၎င်းတို့သွားရောက်ရောင်းချထားသော ဆိုင်များကနေတဆင့် ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ကွင်းဆက်တရားခံများကိုလည်း စုံစမ်းလျက်ရှိကြောင်း သိရသည်။

“လားရှိုးမှာက နေ့တိုင်းလိုလို လုတာတွေ ခိုးတာတွေဖြစ်နေတာ။ မိန်းကလေးတစ်ယောက်တည်းဆို ဆိုင်ကယ်နဲ့တောင်မသွားရဲလို့ အမြဲအဖော်ခေါ်ရတယ်။ ညဘက်ဆိုရင် တက္ကသိုလ်နားက ညောင်ပင်မှာဆို ခဏခဏလုတာတွေ ဓားနဲ့ခုတ်တာတွေ ဖြစ်တတ်တယ်။ ကားနဲ့သွားတဲ့သူတွေတောင် ကားမှန်တံခါးမတင်ထားရင် ဓားနဲ့လိုက်ခုတ်တာတွေဖြစ်ဖူးတယ်။ အဓိကတော့ လူမျိုးပေါင်းစုံ ဒီမှာလာပြီးစုနေနေကြပြီးတော့ မူးယစ်ဆေးဝါးတွေလည်း လွယ်လွယ်ရနိုင်နေလို့ဖြစ်မယ်ထင်တယ်။ လားရှိုးမှာက လောင်းကစားဝိုင်းတွေရော KTV တွေရော တရားဝင်လိုမျိုးကို ပေါ်တင်ဖွင့်ထားတာလေ။” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင်လည်း အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး လားရှိုးမြို့ သာသနာ ၂၅၀၀ ကျောင်းအနီး၌ ဓားထောက်လုယက်ခံရပြီး ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးပါသွားကြောင်း သတင်းရရှိသည်။