ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

လားရှိုးမြို့တွင်း လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်နေ

လားရှိုးမြို့တွင်း လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်နေ

Hsan Loi Editor
26/03/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ လက်နက်ကြီးပစ်ခတ်သံများ ယနေ့နေ့လည် (၁၂:၀၅) ခန့်ကစတင်ပြီး ဆက်တိုက်ကြားနေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ ပစ်သံခတ်သံတွေ မကြားရတာတော်တော်ကြာနေပြီ ဒီနေ့နေ့လည်မှ ဆက်တိုက်ပြန်ကြားနေရတော့ ကြောက်တာပေါ့။ ပြီးတော့ မြို့ပြင်ကစစ်သားတွေလည်း မြို့ထဲကို အများကြီးရောက်လာပြီး နေရာယူထားတာတွေ့နေရတယ်။ တစ်ခုခုဖြစ်တော့မယ့်အတိုင်းပဲ။” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောပြသည်။

ပစ်ခတ်သံများ (၁၀) ချက်ကျော်နေပြီဖြစ်ပြီး စစ်ကောင်စီဘက်က တစ်ဖက်သတ်ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဆက်စပ်သိရသည်။