သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးဘက်မှ မူဆယ်−ကွတ်ခိုင်ဘက်သို့ သွားမည့် အတက်ကားတွေကို သိန္နီတိုးဂိတ်မှာ ဖြတ်သန်းခွင့် ပိတ်မယ်လို့ဆို ဒေသခံပြည်သူတွေရဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန် သယ်ယူဖို့ အခက်တွေ့

လားရှိုးဘက်မှ မူဆယ်−ကွတ်ခိုင်ဘက်သို့ သွားမည့် အတက်ကားတွေကို သိန္နီတိုးဂိတ်မှာ ဖြတ်သန်းခွင့် ပိတ်မယ်လို့ဆို ဒေသခံပြည်သူတွေရဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန် သယ်ယူဖို့ အခက်တွေ့

Hsan Loi Editor
09/03/2026
Share:
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ တင်းမာမှု ဖြစ်ပြီးတဲ့နောက် လားရှိုးဘက်ကနေ မူဆယ်−ကွတ်ခိုင်ဘက်သို့ သွားမယ့် အတက်ကားတွေကို MNDAA က သိန္နီတိုးဂိတ် မှာ ဖြတ်သန်းခွင့် ပိတ်မယ်လို့ သျှမ်းမြောက်ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။
May be an image of road and text that says 'ERPR PI SS'
မူဆယ်−ကွတ်ခိုင်ဘက်မှ အဆင်းကားတွေ အားလုံးကိုသာ ဖြတ်သန်းခွင့် ပြုထားပြီး အတက်ကားတွေ အားလုံးကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။
“ခါလီကားတွေနဲ့ ခရီးသည်တင်ယာဥ်တော့ ဖြတ်ခွင့်ပေးထားပါတယ်၊ ကုန်ပစ္စည်းတင်တဲ့ ကားတွေတော့ ပေးမဖြတ်ဘူး၊ ဒီလိုကန့်သတ်ထားတာက မဟာမိတ်အချင်းချင်း တင်းမာမှုကြောင့် လို့ထင်တယ်” လို့ သျှမ်းမြောက်ဒေသခံတစ်ဦးက ပြောပါတယ်။May be an image of car, van and road
အခုလို ကုန်တင်ယာဥ်တွေ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ပိတ်ဆို့လိုက်တာဟာ ဒေသတွင်း ပြည်သူတွေရဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ လူသုံးကုန်တွေ သယ်ယူရရှိဖို့ အခက်အခဲ ကြုံတွေ့နိုင်ပြီး ပစ္စည်းပြတ်လပ်မှုများ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Photo – Credit to owner