ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်တိုက်နယ်မှ ဒေသခံတွေက စစ်မှုထမ်းဉပဒေ ထွက်ပေါ်လာပြီးတဲ့နောက် စစ်မှုမထမ်းရအောင်လို့ဆိုပြီး တစ်လကြာ သင်ကြားပေးနေတဲ့ ဝမ်ဟတ်တိုက်နယ် (ဌာနေ)ပြည်သူ့စစ် ပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်နေကြတယ်လို့ သိရပါသည်။
တစ်လကြာ စစ်ပညာသင်ကြားပြီး ယခု ဇွန်လ၂၁ ရက်နေ့မှာ ပြည်သူ့စစ်ဌာနေ သာမာန်တိုက်ပွဲဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်ရှိ နားကုန်းဘုန်းတော်ကြီးကျောင်းဝင်းမှာ ကျင်းပသွားကြောင်း သိရပါသည်။
ပြည်သူ့စစ်ဌာနေ သာမာန်တိုက်ပွဲဝင်သင်တန်းဆင်းပွဲကို စစ်ကောင်စီရဲ့ လင်းခေး(အခြေချ)စစ်ဗျူဟာမှူး တက်ရောက် အားပေးကြောင်းသိရသည်။
အဆိုပါ သင်တန်းသည် အခြေခံစစ်ပညာ သင်ကြားပေးကာ အသက်(၁၈)နှစ်မှ အသက်(၄၀)နှစ်အရွယ်ထိ ပါဝင်ပြီး သင်တန်းသား (၃၀၀)ခန့်ရှိကြောင်း သိရသည်။