ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ကြီးမှူးကျင်းပပြုလုပ်တဲ့ ဆွမ်းစားကျောင်းဆောင်သစ် ရေစက် ချပွဲနဲ့ ရဟန်းခံရှင်ပြု အလှူတော်ပွဲကို ယမန်နေ့ မတ်လ ၇ ရက်က ကျင်းပပြီး RCSS/SSA မှ ဗိုလ်ချုပ်ကြီးယွတ်စစ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဆွမ်းစားဆောင်ရေစက်ချပွဲနဲ့ ရှင်ပြုပွဲကို သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ လွိုင်လုံကျေးရွာအုပ်စုရှိ ပန်တဝိကျေးရွာမှာ ကျင်းပသွားခဲ့ကာ တိုင်းလွိုင်နဲ့ ပအိုဝ်းတိုင်းရင်းသားတို့ စုပေါင်းကျင်းပတဲ့ ရှင်ပြုပွဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo – Tai Freedom