ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွှေတြိဂံနယ်စပ်က တရုတ် Call Center အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး 

ရွှေတြိဂံနယ်စပ်က တရုတ် Call Center အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး 

Hsan Loi Editor
23/06/2023
Share:

 

ရွှေတြိဂံနယ်မြေ၏နာမည်ကြီး လောင်းကစားဝိုင်းကြီးတခုဖြစ်သည့် Kings Romans carsino အခြေစိုက် တရုတ် Call Center ဂိုဏ်းတခု၏ အဖွဲ့ခေါင်းဆောင်နှင့် အခြား ၁၀ ဦးကိုပါ ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြခဲ့သည်။

 

လိမ်လည်၍ရရှိထားသောငွေများကိုအသုံးပြုရန်အလို့ဌာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော်၊ ဘန်းခွန်ထိန်းမြို့နယ်အတွင်း ခတ္တရောက်ရှိနေစဉ် အဆိုပါတရုတ်ဂိုဏ်းခေါင်းဆောင်ကို ထိုင်းဗဟို ရဲစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က ဆမ်ဓမ်းသူဌေးအိမ်ရာ၌ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

 

အသက် ၃၂ နှစ်အရွယ် Teng June ဖြစ်သည်။ ထိုင်းနိုင်ငံသားများထံမှ ဘတ် သန်း ၃ ထောင်ခန့် လိမ်လည်ခဲ့သည်။ ထိုင်းဘုရင်မိသားစု၏ ရွှေလုပ်ငန်း Royal Gold ဟန်ဆောင်ကာ ဝက်ဆိုဒ်ဖွင့်လစ်ပြီး ရွှေလုပ်ငန်း၌ ရင်းနှီးမြုပ်နှံလာကြရန် ထိုင်းနိုင်ငံသားများကို မြူစွယ်ခဲ့သည်။

 

ချောမောလှပသောအမျိုးသမီးငယ်လေးများ၏ ပုံများကို အသုံးပြုပြီး ဖေ့စဘုတ်အကောင့်တုများဖွင့်လစ်ကာ အပြန်အလှန် ဆက်သွယ်နိုင်သည့် နည်းလမ်းဖြစ်သည်။ ရင်းနှီးမြုပ်နှံသူများက ဘဏ်အတွင်းသို့ ငွေပမာဏတခုသွင်းပြီး၍ ပြန်ထုတ်ချိန် လုပ်ထုံးလုပ်နည်းအရ အခြားအခကြေးများကို ထပ်မံပေးဆောင်ခိုင်းပြန်သည်။ ယင်းသို့အဆင့်ဆင့် လိမ်လည်ပြီးနောက် ငွေထုတ် မရကြတော့ပေ။

 

ဘဏ်အကောင့်အဆင့်ဆင့်သို့ ဒီဂျစ်တယ်ငွေပမာဏအဖြစ် လွဲပြောင်းလိုက်ကြပြီး တဖန် ထိုင်းဘတ်ငွေအဖြစ် ပြန်လည်လွဲပြောင်းသည်။ ထိုင်းဘက်ကမ်းတွင်လည်း အဖွဲ့ဝင်များဖြစ်သည့် ထိုင်းလူမျိုးများကို ဘဏ်အကောင့်များဖွင့်ခိုင်းစေပြီး လိမ်လည်ရရှိသည့်ငွေများကို ၎င်းတို့အကောင့်အသွင်း၌ သိမ်းဆည်းစေသည်။

 

လုပ်ငန်းတာဝန်များကို ရှင်းလင်း တိကျစွာခွဲဝေထားကြသည်။ နိုင်းနုတ်ဖဒုံးနှင့် ပီယဝုန်းတို့က ထိုင်းနိုင်ငံအတွင်း ဘဏ်အကောင့်ဖွင့်ပေးမည့်သူများကို လိုက်လံရှာဖွေပေးသူများဖြစ်သည်။ အမည်ခံဘဏ်အကောင့်ဖွင့်ပေးသည့်သူ ၅ ဦးကိုပါ ဖမ်းဆီးရမိသည်။ နန်းဆောဝ် ဟုန်း အသက် ၂၅ နှစ်အရွယ်ထိုင်းအမျိုးသမီးငယ်သည် ငွေလဲ၍ တရုတ်ဂိုဏ်းခေါင်းဆောင်ကို ပို့ပေးရသူဖြစ်သည်။

 

ငွေလိမ်ဂိုဏ်းအဖွဲ့ဝင် ၁၁ ဦးကို ဖမ်းဆီးရမိထားပြီး ၅ ဦးထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ ထွက်ပြေးလွတ်မြောက်သူများထဲတွင် တရုတ်လူမျိုး ၃ ဦးဖြစ်သည်။ မာစီးဒီးကားအပါအဝင် ဇိမ်ခံကား ၃ စီး၊ ငွေသား ဘတ် ၅ သန်းနှင့် ဘဏ်စာအုပ်များ၊ ရွှေစင်များ၊ အဖိုးတန် လက်ပတ်နာရီများ၊ အိတ်များ၊ ကွန်ပြူတာများ၊ မိုဘိုင်းဖုန်းများ၊ စင်းကဒ်များ၊ ရွှေတံဆိပ်လက်မှတ်များကိုပါ ဖမ်းဆီးရမိထားသည်။

 

Teng June က ၎င်း၏ငွေလိမ်ဂိုဏ်းအဖွဲ့သားများ ဘတ်သန်းပေါင်းများစွာလိမ်လည်ပေးနိုင်ပါက ဘိုနပ်စ်ပါပေးမည်ဟု ကတိပြုထားသည်။

 

ငွေလိမ်သည့် Call Center ဂိုဏ်းများသည် ယခင်က ဖရစီနူ၌ အခြေစိုက်ကြရာ ထိုင်းနှင့် ကမ္ဘောဒီးယားရဲတပ်ဖွဲ့၏ ဖမ်းဆီးနှိမ်နှင်းမှုကြောင့် ယခု ရွှေတြိဂံနယ်မြေ Kings Romans Carsino ဘက်သို့ ပြောင်းရွှေ့အခြေချပြီး လှုပ်ရှားနေကြောင်း သိရသည်။

 

Ref: Panwilai_C 3Plusnews, Bangkok Post, Photos: Wassayos NgamKham