ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရန်ကုန်၊ တောင်ကြီးနှင့် သာစည်တို့မှာ ဖမ်းမိတဲ့ ထိန်းချုပ်ဓါတုပစ္စည်း ၆၃ တန်ကျော်က ဘယ်သူ့ဟာတွေလဲ 

ရန်ကုန်၊ တောင်ကြီးနှင့် သာစည်တို့မှာ ဖမ်းမိတဲ့ ထိန်းချုပ်ဓါတုပစ္စည်း ၆၃ တန်ကျော်က ဘယ်သူ့ဟာတွေလဲ 

Hsan Loi Editor
20/01/2023
Share:

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ (၄) မိုင်ရှိ ဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဇော်ဌေးအောင် မောင်းနှင်ပြီး အာကာ လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်မှ သံပီပါ (၈၀) လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Sulfurous Dichloride ၁၂ တန် သိမ်းဆည်းရမိခဲ့ကြောင်းမူးယစ်အဖွဲ့ စာမျက်နှာက ရေးသားဖော်ပြခဲ့သည်။

 

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် (၄) မိုင်ဂိတ်တွင် တောင်ကြီးဘက်မှ လွိုင်လင်ဘက်သို့ မျိုးအောင် မောင်းနှင်ပြီး ပြည့်ဖြိုးအောင် လိုက်ပါလာသော ၂၂ ဘီးတွဲယာဉ်နှင့် စည်သူအောင် မောင်းနှင်ပြီး တင်အောင်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်တို့ ၂ စီးပေါ်တွင် အုတ်နီခဲများဖြင့်ဖုံးအုပ်၍ ပလတ်စတစ်ပီပါ (၁၁၉) လုံး ဖြင့် ထည့်လျက် ဓာတုပစ္စည်း Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန်တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

 

ဓာတုပစ္စည်းများ တာဝန်ခံသယ်ဆောင်သူ ဇော်လင်းစိုးအား ယင်းနေ့ မွန်းတည့် ၁၂ နာရီအချိန် တောင်ကြီး-ဟိုပုံးသွားကားလမ်း၊ ဟိုပုံးမြို့အဝင်တွင် PAJERO မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူ မြတ်သူအား ညနေ ၃ နာရီအချိန် အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

 

အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မျိုးကျော် (ခ) အားမီ မောင်းနှင်ပြီး ရွှေမင်းဦး (ခ) ကောင်းထက် လိုက်ပါလာသည့် FUSO ၁၂ ဘီးမော်တော်ယာဉ်မှ ဓာတုပစ္စည်း SODIUM HYDROHIDE, ANHYDROUS(NaOH) ၁၄ ဒသမ ၉၅ တန် သိမ်းဆည်းခဲ့သည်ဟုဆိုသည်။

 

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီးမြို့ဘက်သို့ ချစ်တိုင်းအောင် မောင်းနှင်ပြီး ကျော်ဇင်ခက် လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် သံပီပါ (၅၀) လုံးဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၃ တန်၊ Methylamine ၄ ဒသမ ၅ တန်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အင်းစိန်မြို့နယ်၊ ရွှေပြည်သာ၊ စက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ စိုင်းခေးလှိုင်အား တွေ့ရှိပြီး ဂိုဒေါင်အတွင်း သိုလှောင်ထားသည့် သံပီပါ (၃၀) အတွင်းထည့်ထားသော ထိန်းချုပ်ဓာတုပစ္စည်း Toluene ၄ ဒသမ ၅ တန် ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Source: CCDAC Myanmar