ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရခိုင်ရိုးမတောင်တန်းရှိ စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းနဲ့ ဧရာဝတီတိုင်းအတွင်းက ပွိုင့် (၂၆၃)စခန်းနှင့် ပွိုင့်(၃၆၉)စခန်းကို AA က သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ  

ရခိုင်ရိုးမတောင်တန်းရှိ စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းနဲ့ ဧရာဝတီတိုင်းအတွင်းက ပွိုင့် (၂၆၃)စခန်းနှင့် ပွိုင့်(၃၆၉)စခန်းကို AA က သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ  

Hsan Loi Editor
28/01/2025
Share:

 

အာရက္ခတပ်တော် AA သည် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပဲခူးတိုင်း−ရခိုင်ပြည်နယ်အစပ်က မိုးထိတောင်စခန်းနဲ့ ဧရာဝတီတိုင်းအတွင်းက ပွိုင့်(၂၆၃)စခန်းနှင့် ပွိုင့်(၃၆၉)စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ AA က ယမန်နေ့ ညပိုင်းက ထုတ်ပြန်လာခဲ့ပါတယ်။

 

ပဲခူးတိုင်းအစပ်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းတစ်ခု ဖြစ်တဲ့ မိုးထိတောင်စခန်းကို AA က ၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဇန်နဝါရီလ(၂၆)ရက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်နဲ့ အလောင်းအချို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ဧရာဝတီ-ရခိုင်အစပ်ရှိ စစ်ကောင်စီရဲ့ ပွိုင့်(၂၆၃)စခန်းကို ဇန်နဝါရီလ(၂၆)ရက် မွန်းလွှဲပိုင်း အချိန်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ပွိုင့်(၃၆၉)စခန်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၁)ရက်က သိမ်းပိုက်ရရှိတယ်လို့ ဖော်ပြထားပါတယ်။ AA သိမ်းပိုက်ထားတဲ့ ပွိုင့်(၂၆၃)စခန်းကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်တယ်လို့ သိရပါတယ်။

 

ယမန်နေ့က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး(အမ်း-ပဒါန်း ကားလမ်းမထက်) မှာလည်း စစ်ကောင်စီ၏ တမခ(၉၉) လက်အောက်ခံ ခမရ(၄၁၉)၊ (၁၄)တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်း နဲ့ အာရက္ခတပ်တော်(AA)တို့သည် နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာလည်း နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဥ်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။