ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ရက္ခိုင်တပ်တော်(AA)က ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်သင်ကြားသည့် အရာရှိလေ့ကျင့်ရေးသင်တန်းပြီးဆုံး ဖြစ်သောကြောင့် မေလ(၂၀)ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါက အမှတ်စဉ်(၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး၊ စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားက ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသူ သင်တန်းသား(၃၂၆)ဦး တက်ရောက်သင်ကြားခဲ့သည်ဟုဆိုသည်။
အရာရှိလောင်းသင်တန်းကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့ကစပြီး အရာရှိသင်တန်းတစ်ဆက်တည်းပြုလုပ်ခြင်းဖြစ်ကာ စုစုပေါင်း သင်တန်းကာလ (၁)နှစ်နှင့် (၇)လ နီးပါး ကြာမြင့်ခဲ့သည်ကို ယမန်နေ့ AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
AA ၏ အရာရှိသင်တန်း၊ အမှတ်စဉ်(၄)နှင့် အခြေခံစစ်ပညာသင်တန်းများကို အကြာခင်ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။