ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ပန်မောင်တိုးဂိတ်တဝိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ၊ PDFs တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် “ ကား ၃ စီး မီးလောင်သွားတာ ဟုတ်ပါတယ်။ တွဲကားတွေပါ မနေ့ညက ၇ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဖြစ်သွားတာပါ။ ဒေသခံလူထုကတော့ တစုံတရာထိခိုက်မှု မရှိသေးပါဘူး။ ကျန်ခဲ့တဲ့စစ်ဝတ်စုံကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဗမာစစ်ဝတ်စုံတွေဖြစ်ပါတယ်၊ ထွက်ပြေးရင်း အချိန်မရလို့ဖြစ်မှာ” ဟု ကျောက်မဲမြို့နယ်က မျက်မြင်သွားရောက်ကြည့်ရူ့ခဲ့သူတဦးက ပြောပါသည်။
ပန်မောင်၊ နမ့်ဟူးတောင်း၊ ဇောတိကုန်း၊ ကောင်းတိုင်းလျန်းရပ်ကွက်မှ ၂ ရပ်ကွက် ဘုန်းကြီးကျောင်းနှင့် အခြား ဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလုံနေကြသည်ဟု သိရသည်။
သျှမ်းမြောက်စစ်ဘေးရှောင်များကို ရှေ့ဆုံးမှကူညီပံ့ပိုးနေသည့်အဖွဲ့အစည်းများတွင် သံယာတော်များနှင့် ပရဟိတအသင်းအဖွဲ့များသာ ရှိကြောင်းပြောပါသည်။
TNLA ရှေ့တန်းစခန်းအခြေစိုက်ရာ ကြူရှောရွာအတက် ဟဲပုကျေးရွာ မန်ခါကျေးရွာအုပ်စုရှိ ရွာသူရွာသားများ ၃၅၀ ခန့် မန်ခါဘုန်းကြီး၌ လာရောက်ခိုလုံနေရသည်။
ဟဲပုအောက်ရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ၁၁ လုံးနီးပါး ရှိပြီဖြစ်ကြောင်း ဒေသခံတဦးက ပြောပါသည်။
မန်ခါကျေးရွာအုပ်စုကြီးမှ ရွာခံတဦးက “ ကျနော်တို့ကတော့ မြို့ပေါ်ကို သွားမအိပ်တော့ဘူး မတတ်နိုင်တော့ဘူးလေ သွားလိုက်လာလိုက်ဆိုရင်လည်း မလွယ်တော့ ပေတေပြီး နေလိုက်ကြတော့တာ၊ ဟဲပုရွာကတော့ ၃၅၀ ဦးရေလောက် ဘုန်းကြီးကျောင်းမှာ လာနေနေကြရတယ် ” ဟု Hsan Loi Voice သို့ ပြောပါသည်။
TNLA အဖွဲ့နှင့် PDFs ပူးပေါင်း အဖွဲ့ဝင်များက ဟဲပုအောက်ရွာ ကြူရှောတအာင်းပလောင်ရွာအထွက်ဘက်ရှိ သုသာန်၌ မြေမြုပ်မိုင်းလာမြုပ်ထားကြောင်း ရွာခံများကို အသိပေးလာသဖြင့် မြေမြုပ်မိုင်းအန္တရာယ်စိုးရိမ်ထိတ်လန့်ရရာမှ လတ်တလော ရွာခံများ၏ ဈာပနသဂြိုလ်ခြင်းကို ကျောက်မဲမြို့နယ် ပရဟိတအသင်းများ၏အကူအညီဖြင့် မြို့ပြင်ဘက် ငြိမ်းချမ်းရေးကုန်းအပြင်ဘက်ရှိ မြို့သုသာန်ကြီး၌သာ ဆောင်ရွက်ရသည်ဟု ပြောပါသည်။