ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်မှ ဖေဖော်ဝါရီလ(၂၃)ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၂၂၂၀ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ပြီး ထိုအထဲမှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား ၁၅၄၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်ရာ ယမန်နေ့တွင် ပြည်ပနိုင်ငံသား ၁၀၉ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး တို့ နေပြည်တော်မှာတွေ့ဆုံချိန်တွင် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်သူများကို အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ် အရေးယူမှု များကို ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည့် အခြေအနေနဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးနဲ့ သတင်း အချက်အလက်များ ဖလှယ်ရေးတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။