ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မြန်မာကုန်တင်ကားများကို တရုတ်နိုင်ငံ ရွှေလီမြို့ဘက်သို့ ဝင်ရောက်ခွင့်ပြုကြောင်း ထုတ်ပြန်အသိပေးစာထွက်ပေါ်လာသည်ကို တွေ့ရှိရပါသည်။
ဖော်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံကိုဗစ် ၁၉ ဖြေလျော့မှု သတင်းတင်ပြခြင်း
၁။ တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ် ရွှေလီမြု့အပါအဝင် တပြည်နယ်လုံး ၂၂ ဒီ ၀၇ ၂၄:၀၀ အချိန်မှစ၍ အချက် ၃ ချက်ကို ဖြေလျော့လိုက်ကြောင်း တယ်ဟုန်ပြည်နယ်အစိုးရမှ စာထုတ်ပြန်ထားပါသည်။
(က) လူအများစုဝေးသွားလာနေသည့် public areas များတွင် လွတ်လပ်စွာသွားလာခွင့်ပြုလိုက်ခြင်း (စာသင်ကျောင်း၊ ဆေးရုံ၊ လူအိုရုံ) များမှအပ
(ခ) စျေးဝယ်ယူခွင့်ကို လွတ်လပ်စွာခွင့်ပြုခြင်း (ဆေးဆိုင်များတွင် ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွားတိုက်ဆေး၊ ပိုးသတ်ဆေးတို့ကို ယခင်က ကိုဗစ်ကန့်သတ်ချက်ကြောင့် ဝယ်ယူခွင့်ကို ထိန်းချုပ်ထားရာမှ ယခုအခါ လွတ်လပ်စွာဝယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
(ဂ) ယခင်အိမ်အပြင်သို့ထွက်ခွာပါက ၂၄ နာရီအတွင်း ကိုဗစ်စစ်ဆေးပြီးကြောင်း ထောက်ခံစာပါမှသာ အိမ်အပြင်ထွက်ခွင့်ပြုရာမှ ယခုမည်သည့်စာရွက်မှမလိုပဲ လွတ်လပ်စွာသွားလာခွင့်ပြုခြင်း။
၂။ ကုန်တင်ကားများအတွက် လက်ရှိ တရုတ်နိုင်ငံဘက်မှ ခွင့်ပြုနေမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ရွှေလီမြို့သို့ ကုန်တင်ကားများ ဝင်ရောက်ခွင့်ပြုခြင်း၊ ဂိုဒေါက်ချခွင့်ပြုခြင်း
(ခ) အမြန်လမ်းပေါ်တွင် ကုန်တင်ယာဥ်များကို ယခင်သွားလာခွင့်ပြုရာတွင် ယာဥ်မောင်းသည် ၂၄ နာရီအတွင်း ကိုဗစ်စစ်ဆေးပြီးကျောင်း ထောက်ခံစာပါမှသာ မောင်းနှင်၍ရပြီး ယခုအခါ ယာဥ်မောင်းအတွက် ကိုဗစ်စစ်ဆေးပြီးကျောင်း လက်မှတ် ပါရှိရန် မလိုပဲ လွတ်လပ်စွာသွားလာခွင့် ပြုထားပါသည်။
(ဂ) မြန်မာပို့ကုန်ကားများ (ကုန်ခြောက်၊ အေဇုန်မှ တရုတ်ဘက် ဆေးဖျန်းကွင်းသို့ ဝင်ရောက်ချိန်ကို စတင်သတ်မှတ်ပြီး ၎င်းအချိန်မှ ယခင် ၄၈ နာရီထားရှိပြီးမှသာ ထွက်ခွာခွင့်ပြုရာမှ ယခု ၂၄ နာရီ ထားရှိထွက်ခွာခွင့်ပြုခြင်း
(ဃ) မြန်မာပို့ကုန်ကားများ (ပုပ်သိုးကုန် အေဝမ်းဇုန်မှ တရုတ်ဘက် ဆေးဖျန်းကွင်းသို့ ဝင်ရောက်ချိန်ကို စတင်သတ်မှတ်ပြီး ၁၂ နာရီ ထွက်ခွာခွင့်ပြုခြင်း သို့သော် ၁ နာရီခန့်သာထားရပြီး ထွက်ခွာခွင့်ပြုကြောင်း သိရှိရပါသည်။)
၃။ ကုန်တင်ကားယာဥ်မောင်းများကို ကိုဗစ်စာရွက်စာတမ်းစစ်ဆေးခြင်း ဆေးစစ်ခြင်းမပြုသော်လည်း ဝမ်တိမ်ရွှေလီ လမ်းပိုင်းရှိ တံတားတွင် အိမ်စီးကားများ၏ ယာဥ်မောင်းများကို စစ်ဆေးမှုအချို့ ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
Ref: Voice of Myanmar