ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာကိုကူညီဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ယနေ့မနက် ကူမင်းကနေထွက်ခွာ

မြန်မာကိုကူညီဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ယနေ့မနက် ကူမင်းကနေထွက်ခွာ

Hsan Loi Editor
29/03/2025
Share:

 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငလျင်ဒဏ်ကြောင့် အရေးပေါ် ကူညီကယ်ဆယ်ဖို့အတွက် ယနေ့မတ်လ ၂၉ ရက် နံနက် ၆ နာရီခန့်တွင် အဖွဲ့ဝင် ၃၇ ဦးပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့သည် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

 

သဘာဝဘေးအန္တရာယ်ကိုလက်တွဲပြီး တိုက်ဖျက်ခြင်းဖြင့် တရုတ်မြန်မာချစ်ကြည်ရေးကို မြှင့်တင်ရန် သံတမန်အဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

 

ယမန်နေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဗဟိုပြုကာ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် သျှမ်းပြည်နယ်တို့ အပါအဝင် နေရာအများအပြားတွင် ထိခိုက်မှုနှင့် သေဆုံးမှု များပြားကြောင်း သိရပါတယ်။