နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မော်စကိုမြို့တော်မှာ ကျင်းပတဲ့ နှစ် ၈၀ ပြည့် ရင်ပြင်နီ စစ်အောင်ပွဲ စစ်ရေးပြချီတက်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မထင်မရှားတွေ့ရ

မော်စကိုမြို့တော်မှာ ကျင်းပတဲ့ နှစ် ၈၀ ပြည့် ရင်ပြင်နီ စစ်အောင်ပွဲ စစ်ရေးပြချီတက်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မထင်မရှားတွေ့ရ

Hsan Loi Editor
09/05/2025
Share:

 

ယနေ့ မေလ ၉ ရက် ဒေသစံတော်ချိန် နေ့လည်ပိုင်းအချိန်မှာ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ကျင်းပတဲ့ နှစ် ၈၀ ပြည့် ရင်ပြင်နီ စစ်အောင်ပွဲ စစ်ရေးပြချီတက်ပွဲ ကျင်းပပြီးစီးခဲ့ပြီး အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မထင်မရှားနဲ့တွေ့ရပါတယ်။

 

အခမ်းအနားမှာ စစ်ခေါင်းဆောင် အပါအဝင် တရုတ်၊ ဘရာဇီး၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဘယ်လာရုစ် စတဲ့ ခေါင်းဆောင်များလည်း တက်ရောက်နေပြီး စစ်ကောင်စီရဲ့ တပ်သားများလည်း ၎င်း ချီတက်ပွဲမှာ ပါဝင်ချီတက်လမ်းလျှောက်တာလည်း တွေ့ရပါတယ်။

 

ယမန်နေ့ မေလ ၈ ရက်နေ့ ညပိုင်းကပြုလုပ်တဲ့ ရင်ပြင်နီစစ်အောင်ပွဲ နှစ် ၈၀ ပြည့် ဂုဏ်ပြုညစာစားပွဲ မှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတပူတင်တို့က ရှေ့ဆုံးတန်းတွင် ထိုင်ခဲ့ကြပြီး နိုင်ငံငယ်လေးများအကြားမှာ ထိုင်ရတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “မျက်နှာမလှခဲ့သော ညတစ်ည” ဟု ဆိုရှယ်မီဒီယာ သုံးစွဲသူများက လှောင်ပြောင်ထားပါတယ်။

 

ဒါ့အပြင် အဆိုပါ ညစာစားပွဲမှာ သမ္မတပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ သီးခြားတွေ့ဆုံခဲ့ပေမယ့် စစ်ခေါင်းဆောင်အနေဖြင့် သမ္မတ ပူတင်နဲ့ သမ္မတ ရှီကျင့်ဖျင် တို့နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခွင့်ရမရ အတိအကျ မသိရသေးပါဘူး။

 

53 50 32 53 55 32 51 50 32 53 50 32 53 54 32 51 50 32 53 50 32 53 55 32 51 50 32 53 49 32 53 48 32 51 50 32 53 50 32 53 55 32 51 50 32 53 50 32 53 55 32 51 50 32 53 51 32 52 56 32 51 50 32 53 49 32 53 48 32 51 50 32 53 51 32 53 53 32 51 50 32 53 51 32 53 51 32 51 50 32 53 49 32 53 48 32 51 50 32 53 51 32 53 48 32 51 50 32 53 51 32 53 53 32 51 50 32 53 49 32 53 48 32 51 50 32 53 51 32 53 49 32 51 50 32 53 50 32 53 54 32 51 50 32 53 49 32 53 48 32 51 50 32 53 51 32 53 48 32 51 50 32 53 51 32 53 52 32 51 50 32