နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မောက်မယ်မြို့နယ် ရွေးကောက်ပွဲအတွက် အခြားမြို့နယ်က လုံခြုံရေးအင်အားနဲ့ပါ တိုးမြင့်ထား

မောက်မယ်မြို့နယ် ရွေးကောက်ပွဲအတွက် အခြားမြို့နယ်က လုံခြုံရေးအင်အားနဲ့ပါ တိုးမြင့်ထား

Hsan Loi Editor
10/01/2026
Share:
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်တဲ့ သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မှာ အခြားမြို့နယ်က စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပသစတို့ရဲ့ လုံခြုံရေးအင်အားနဲ့ပါ အများအပြား တိုးမြင့်ထားတယ်လို့ စုံစမ်းသိရပါတယ်။
ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဆိုပြီး ဇန်နဝါရီလ ၇ ရက်နေ့ကစတင်ကာ နမ့်စန်မြို့နယ်နဲ့ လင်းခေးမြို့နယ်က စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် အင်အား ၃၀၀ ခန့်က အင်အားဖြည့်တင်းကာ မဲရုံနဲ့ အနီးတဝိုက်မှာ လုံခြုံရေးချထားတယ်လို့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
“လင်းခေးဗျုဟာတပ်က လုံခြုံရေးအဖွဲ့တွေရော၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ဆို အင်အားက ၂၀၀ လောက်ရှိတယ်၊ နမ့်စန်ဘက်က ရဲတပ်ဖွဲ့ အင်အားကတော့ ၁၀၀ ခန့်လောက်ရှိမယ်၊ သူတို့တွေက မဲရုံရှိတဲ့နေရာတွေမှာ လုံခြုံရေးသွားယူရတယ်ပေါ့၊ ပြီးတော့ တောင်ကြီးဘက်က ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က အင်အား ထောင်ဂဏာန်းလောက်က မြို့ရဲ့ တောင်ဘက်တကျောမှာ လုံခြုံရေးလာ ယူထားတာ တွေ့ရတယ်” လို့ Hsan Loi Voice ရဲ့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကဒူးကြီးကျေးရွာအုပ်စုအတွင်း စစ်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ် နဲ့ PNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲ ထိခိုက်မှုမရှိစေရေးအတွက် လုံခြုံရေးအင်အား အများအပြားချထားတာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပြပါတယ်။
မောက်မယ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈ အုပ်စုအနက် ၇ အုပ်စုမှာ မဲရုံပေါင်း ၃၃ ရုံဖွင့်လှစ်ထားရှိတယ်လို့သိရပြီး ကျန်အုပ်စုတစ်ခုဖြစ်တဲ့ ကဒူးကြီးကျေးရွာအုပ်စုကို ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း အခြေအနေမရှိတဲ့ ကဒူးကြီးကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ယမန်နေ့အထိ စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့ရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် PNLA တို့နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး PNO ဘက်က တပ်သား ၂၀ ဦးခန့် ကျဆုံးတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။