ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မောက်မယ်မြို့နယ် ပွန်ချောင်းတံတားအနီး PNLA ၏ ကင်း‌စောင့်စခန်းအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မောက်မယ်မြို့နယ် ပွန်ချောင်းတံတားအနီး PNLA ၏ ကင်း‌စောင့်စခန်းအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

Hsan Loi Editor
27/09/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုအတွင်း ပွန်ချောင်းတံတားအနီးရှိ PNLA ၏ ကင်းစောင့်စခန်းကို စစ်ကောင်စီက ယနေ့ စက်တင်ဘာလ(၂၇)ရက် နံနက်ပိုင်း (၇)နာရီအချိန်ခန့်က လေကြောင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

 

” မနက်ပိုင်းက ပွန်ချောင်းတံတားနားမှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတဲ့အသံ ကြားရတယ်၊ အဲ့လမ်းကို အသုံးပြု သွားလာနေတဲ့ ကားသမားတွေတော့ ပြန်ဆုတ်လာကြတယ်၊ တံတားထိပ်နားမှာက PNLA တွေ ကင်းစောင့်ထားတဲ့နေရာလေ” လို့ ဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောသည်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Hsan Loi Voice သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေပါသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက မိုင်းပန်မြို့မှ စစ်ကောင်စီတစ်ဦး(ရာထူးအဆင့်မသိရ) လိုင်းကားပေါ်လိုက်ပါလာပြီး ပွန်ချောင်းတံတားနားမှာ PNLA ၏ ဖမ်းဆီးမှုခံရပြီး လက်နက်ပါ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည်။

 

အဆိုပါ မောက်မယ်(ပွန်ချောင်း) – ဆိုက်ခေါင် -တောင်ကြီးလမ်းကို စစ်ကောင်စီမှ ဝန်ထမ်းများကို ၎င်းလမ်း‌ကြောင်းသို့ ဖြတ်သန်းသွားလာခွင့် ခွင့်မပြုထားကြောင်း စုံးစမ်းသိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလက စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ ဆီဆိုင်မြို့နယ်မှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကြာ ခဏဆိုသလို ၂ ဖက်တိုက်ပွဲများဖြစ်ပွားကာ ဒေသခံပြည်သူများ ၏ အသက်အိုးအိမ်စည်များ ပျက်စီး ဆုံးရှုံးနေရပါသည်။