ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင် ၅ ဦး ထိုင်းနယ်စပ်၌ အသေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၎င်းတို့ စိတ်ကြွဆေးပြား ၇ သန်းကျော် သိမ်းဆည်းခံလိုက်ရ 

မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင် ၅ ဦး ထိုင်းနယ်စပ်၌ အသေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၎င်းတို့ စိတ်ကြွဆေးပြား ၇ သန်းကျော် သိမ်းဆည်းခံလိုက်ရ 

Hsan Loi Editor
14/01/2023
Share:

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ထိုင်း-သျှမ်းနယ်စပ် (ထိုင်းဘက်ခြမ်း) ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ် ဝတ်နွဲ့ဒွိုင်တုံးအနောက်ဖက်၊ ဘန့်ဟွေ့ခိုက်မိုင် အမှတ် ၂ ၊ ဟွေ့ခိုက်နယ်မြေအတွင်း မူးယစ်မှောင်ခိုဂိုဏ်းတခုနှင့် ထိုင်းအာဏာပိုင်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်သိရသည်။

 

ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်ဖက်မှ ၅ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် (အတို) ၁ လက်၊ ယာဘ-စိတ်ကြွဆေးပြား ၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉း၃၀ နာရီခန့်ကလည်း ချင်းရိုင်းခရိုင်နယ်မြေ၊ အမ်းဖိူဝ်းထိင်းမြို့နယ် လမ်းမကြီးအတိုင်းမောင်းနှင်သွားကြသော ပိတ်အပ်ကား ၄ စီးနှင့် လမ်းပြအဖြစ် ဦးဆောင်မောင်းနှင်သွားနေသော အိမ်စီးကားတစီးတို့နောက်ကို ထိုင်းအာဏာပိုင်များက မသင်္ကာသဖြင့် လိုက်လံကြည့်ရူခဲ့ကြသည်ဟုဆိုသည်။

 

အာဏာပိုင်များ နောက်မှလိုက်လာသည်ကို ရိတ်မိကြသော အဆိုပါ ပိတ်အပ်ကားများထဲမှ ၂ စီးသည် အခြားလမ်းကြောင်းတခုဘက်သို့ လမ်းလွဲမောင်းနှင်သွားခဲ့သည်။

 

ယင်းအုပ်စုထဲက ကားနောက်ပိုင်းကို မိုးကာစဖြင့် ဖုံးအုပ်ထားသော ကားတစီးအား ဘန့်ဟွေ့လုံ၊ ဝိန်းရပ်ကွက် (အမ်းဖိူဝ်းထိင်းမြို့နယ်၊ ချင်းရိုင်းခရိုင်) ၌ စွန့်ပြစ် ထွက်ပြေးသွားခဲ့ကြသည်။

 

လမ်းပြအဖြစ် မောင်းနှင်ပေးသော အိမ်စီးကားကို ယင်းကားစွန့်ပြစ်ခဲ့ရာ နေရာနှင့် ၄-၅ ကီလိုမီတာအကွာ၌ ဖမ်းဆီးမှု ပြုလုပ်နိုင်ခဲ့ကြသည်။

 

နောက်ပိုင်းကို မိုးကာစဖြင့် ဖုံးအုပ်ထားပြီး စွန့်ပြစ်ထားသော ကားထဲမှ မိုးပြာရောင် အိတ် ၃၅ လုံး ရှာဖွေတွေ့ရှိခဲ့သည်။ အိတ် တအိတ်လျှင် ယာဘ-စိတ်ကြွဆေးပြား အထုပ်ပေါင်း ၃၅၀၀ ပါရှိသည်ဟု ဆိုသည်။ မိုးပြာရောင်ပီနှံအိတ် ၃၅ အိတ် ထဲမှ ယာဘ-စိတ်ကြွဆေးပြားများကို ရေတွက်ကြည့်ရာ အားလုံးပေါင်း ၇ သန်း ဖြစ်ကြောင်း သိရသည်။

 

အိမ်စီးကားမောင်းနှင်သူ၏ ထိုင်းအာဏာပိုင်များထံ ဝန်ခံထွက်ဆိုချက်အရ ဘတ် ၂ သောင်းနှင့် လမ်းပြလုပ်ပေးရန် သဘောတူခဲ့သည်ဟု သိရသည်။

Ref: မယ်ဆိုင်ပရပ်စ်