ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ၀၀း၃၀ အချိန် တန့်ယန်းမြို့၊ ရပ်ကွက် (၇)၊ တန့်ယန်း-လားရှိုးသွားကားလမ်းတွင် စိုင်းကျော်လှ မောင်းနှင်ပြီး နန်းခမ်းစိန် နှင့် စိုင်းကျင် တို့လိုက်ပါလာသည့် Ford Ranger အမျိုးအစား ယာဉ်ပေါ်တွင် စိတ်ပြောင်းဆေးဝါး (ကက်တမင်း) အလေးချိန် ၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၆၀)၊ စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသောအမှုန့် (Happy Water) အလေးချိန် ၂၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇.၅ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား စစ်ကောင်စီ မူးယစ်အဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်အရ ၀၁း၀၀ အချိန် စိုင်းရွှေ နှင့် စိုင်းရွှေကြာ တို့အား တန့်ယန်းမြို့၊ ရပ်ကွက် (၇) တွင် Nissan Navara အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စိုင်းကျော်လှ (၃၂) နှစ်၊ မနန်းခမ်းစိန် (၂၂) နှစ်၊ စိုင်းရွှေ (၂၇) နှစ် နှင့် စိုင်းရွှေကြာ (၂၈) နှစ်တို့အား ဖမ်းဆီးထားသည်ဟုသိရသည်။
Ref: CCDAC Myanmar