ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုပြီး MNDAA အဖွဲ့၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကချင်တိုင်းရင်းသားတစ်ဦး အသတ်ဆုံးရှုံး

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုပြီး MNDAA အဖွဲ့၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကချင်တိုင်းရင်းသားတစ်ဦး အသတ်ဆုံးရှုံး

Hsan Loi Editor
24/11/2022
Share:

 

နိုဝင်ဘာလ (၂၂) ရက်နေ့ သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဂျေကျေးရွာတွင် နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ ဦးလမိုင်ဘရန်တောင်ကို MNDAA အဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူ ကချင်တိုင်းရင်းသား ဦးလမိုင်ဘရန်တောင်သည် မူးယစ်ဆေးစွဲသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ချို့က ဖွင့်ဟပြောကြားထားသော်လည်း ယခုလိုအသက်သေဆုံးသည်အထိ နှိပ်စက်ခံရမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်ရကြောင်း သိရသည်။

 

၎င်း၏ အလောင်းကို နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၁) ခန့်တွင် ဒေသခံရွာသားများက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/