ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီးမြို့ပေါ် မှာ မူမမှန်တဲ့ လျှပ်စစ်မီး ပေးဝေမှုကြောင့် ဝါယာရှော့ဖြစ်ပြီး ယခုရက်ပိုင်းထဲမီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့မြို့ခံတွေဆီက သိရပါတယ် ။
” လျှပ်စစ်မီးတွေက လာချင်သလိုလာပျက်ချင်သလိုပျက် တော့ဝါယာရှော့ဖြစ်တာပေါ့ ၊ မီးလာတဲ့အချိန် သူသူငါငါ ရေတင်မယ် အားသွင်းမယ် ထမင်းချက်မယ် လျှပ်စစ်နဲ့ပတ်သက်တာတွေ အပြေးအလွှား လုပ်ကိုင်ရတော့ မီးကမနိုင်ပြန်ဘူး ၊ တက်လိုက်ကျလိုက်ပျက်သွားလိုက်နဲ့ တစ်ချို့က မီးလာတဲ့အချိန်ပလပ်ပေါက်တွေထဲ အားသွင်းတဲ့အရာတွေ auto ချိတ်ဆက်တာတွေပြုလုပ်ထားတတ်ကြတယ် သတိထားစေချင်တယ် ” လို့ ပြည်တော်သာ ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ် ။
ဇန်နဝါရီလ ၁၂ ရက် ညပိုင်း (၁၁) နာရီလောက်မှာရတ နာသီရိရပ်ကွက်၊ အဆင့်မြင့် လက်ဖက်ရည်ဆိုင် အ နောက်ဘက် က လူမနေတဲ့ဂိုထောင်တစ်လုံး မီးလောင်းမှုဖြစ်ပွားပြီး ၊ ပြီးခဲ့တဲ့ တစ်ပါတ်ကျော်ခန့်ကလည်း ပြည်တော်သာ ရပ်ကွက် ၊ ချယ်ရီလမ်းက အရုပ်ဆိုင် ဂိုထောင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တာပါ ။
အရုပ်ဂိုထောင် မီးလောင်ရခြင်း အကြောင်းရင်းမှာ အိမ်တွင်းရှိ မီးဖိုဆောင်အတွင်း ကပေါက်စီ ပေါင်းဖို့ အတွက် ပြုလုပ်ရာက ဂက်စ်အိုး ပိုက်ပြုတ်ထွက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ်က ထုတ်ပြန်ထားပါတယ် ။
စစ်ကောင်စီလက်ထက်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ဆိုးရွာစွာပြတ်တောက်မှုနဲ့ကြုံနေရပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် ဆိုလာစနစ်နဲ့ ဓါတ်အားရရှိဖို့စစ်ခေါင်းဆောင်ကယခုရက်ပိုင်းထဲ လုပ်ငန်းရှင်တွေကိုတိုက်တွန်းထားတယ်လို့ သိရပါတယ် ။