ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ယနေ့ နိုဝင်ဘာလ(၁၉)ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှ သိရသည်။
” ဒီနေ့ မနက်(၉)နာရီဝန်းကျင်လောက်မှာ ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးတယ်၊ စားသောက်ကုန်တွေပဲ ပေးထွက်တယ်၊ တခြား အဝတ်အထည်တွေ သယ်လို့မရဘူး” လို့ မူဆယ်ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၁၁)ရက်နေ့ကစပြီး ဆင်ဖြူဂိတ်ကနေ ကုန်သယ်ယူခွင့်ကို တရုတ်ဘက်က ပိတ်လိုက်တာဖြစ်ပြီး တစ်ပတ်အကြာမှာ ပြန်လည်ဖွင့်ပေးတာဖြစ်ပါသည်။
” ဆင်ဖြူဂိတ်ကနေ စားသောက်ကုန်တွေ သယ်ခွင့်ပြုပေးတော့ ဈေးကျသွားမှာပေါ့၊ မဟုတ်ရင် ဝယ်စားရတာ ဈေးတအားကြီးပြီး ဒုက္ခရောက်တယ်” လို့ ကုန်သည်တစ်ဦးကပြောသည်။
မန့်ဝိန်းဂိတ်ကနေ ကုန်ကားတွေနဲ့ သယ်ယူခွင့်ကို ရွှေလီပြည်သူ့အစိုးရက ခွင့်ပြုထားပေမယ့် စစ်ကောင်စီ ဘက်က မန့်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားတာဖြစ်ကြောင်း သတင်းရရှိသည်။