ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း ယမန်နေ့ (၂၆.၁၁.၂၀၂၃) ရက်နေ့ ည (၇:၃၀) ဝန်းကျင်ခန့်ကစတင်ပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့သလို မြောက်ပိုင်းမဟာမိတ်ဘက်ကနေလည်း ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်မှုများလည်း ပြုလုပ်ကြသည်ဟုဆိုသည်။
ယနေ့ နံနက်အစောပိုင်းအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဝင်းအတွင်းရှိ ပြည်သူလူထုနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။
လူထိခိုက်သေဆုံးမှုရှိပြီး သတင်းအတိအကျမသိရသေးပါ။