ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှု ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ(၁၆)ရက် ညပိုင်းအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောက်မယ်မြို့နယ်ရှိ နမ့်ယွမ်းချောင်းတလျှောက်နှင့် မြေနိမ့်ပိုင်း ရပ်ကွက်မှာ ရေကြီးရေလျှံဖြစ်ပေါ်ကြောင်း သိရသည်။
“ နမ့်ယွမ်းချောင်း ရေကြီးတာက နှစ်တိုင်းပါပဲ၊ မနေ့ညပိုင်းက မိုးတအားသည်းတော့ ချောင်းနဲ့နီးတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာကတော့ ရေကြီးရေလျှံဖြစ်တာပေါ့” ဟု ဒေသခံတစ်ဦးက Hsan Loi Voice ကိုပြောပါသည်။
နမ့်ယွမ်း၊ နမ့်ပိန်နှင့် နမ့်လာ ချောင်း(၃)ချောင်း ပေါင်းဆုံပြီး မောက်မယ်မြို့နယ်တွင်းသို့ ဖြတ်ဝင်စီးဆင်းကာ ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေ ပါဝင်တာကြောင့် ရေကြီးနေကြောင်း သိရသည်။
အလားတူ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှာလည်း နမ့်တိန်းချောင်းရေကြီးရေလျှံကာ ဈေးတန်းရပ်ကွက်ရှိ ချောင်းကူးသံတံတားနှင့် မြို့မအရှေ့ရပ်ကွက် ကမ်းနားလမ်းတလျှောက်မှာ ရေကြီးနေကြောင်း သိရှိရပါသည်။