ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးရွာသွန်းမှုကြောင့် တစ်ရက်အတွင်း လားရှိုးမြို့နယ်၌ ယာဉ်မတော်တဆမှု (၂) ကြိမ်ဖြစ်ပွား

မိုးရွာသွန်းမှုကြောင့် တစ်ရက်အတွင်း လားရှိုးမြို့နယ်၌ ယာဉ်မတော်တဆမှု (၂) ကြိမ်ဖြစ်ပွား

Hsan Loi Editor
14/09/2023
Share:

 

ယမန်နေ့ စက်တင်ဘာလ (၁၃) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ယာဉ်မတော်တဆမှု (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ယမန်နေ့ ညနေ (၄) နာရီ (၄၅) မိနစ်ခန့်တွင် လားရှိုးမြို့နယ် လားရှိုး-သိန္နီကားလမ်းမကြီး (၉)မိုင်ကုန်းဆင်း၌ အိမ်စီးကားငယ်(၂) စီး တိုက်မိခဲ့ပြီး မြောင်းထဲသို့ (၂) စီးစလုံး ခေါင်းထိုးကျခဲ့သည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး လမ်းချော်မှုကြောင့် မတော်တဆမှုဖြစ်ပွားခြင်းဖြစ်ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဒါ့အပြင် ယနေ့ ညနေပိုင်းခန့်တွင်ပင် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားအနီး ပြည်ထောင်စုလမ်း၌ အိမ်စီးကားတစ်စီး လမ်းချော်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှု ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း မိုးရာသီအတွင်း ယာဉ်မောင်းများအနေဖြင့် မော်တော်ယာဉ်များအား ဂရုစိုက်မောင်းနှင်ရန်လိုအပ်သည်။