ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မိုင်းပျဉ်း-ကျိုင်းတုံ သွားလမ်းရှိ ၁၂ဘီး ယာဉ်ပေါ်တွင် ငွေကျပ် (၄.၈) ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ(၈)ရက် ညနေ(၆)ခွဲအချိန်တွင် သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းရွာအနီးတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းလင်းဦး မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်ပေါ်တွင် စစ်ဆေးရှာဖွေရာ ပြောင်းအိတ်ဖြင့် ဖုံးအုပ်သယ်ဆောင်လာသော အိုက်စ်(မက်သ်အဖက်တမင်း) (၆၀၃)ကီလို (ကာလတန်ဖိုးငွေ ကျပ် ၄.၈၂၄ ဘီလီယံ) သိမ်းဆည်းရမိကြောင်း CCDAC မှ ဖော်ပြထားပါသည်။
အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ စိုင်းလင်းဦး အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။