ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းပန်မြို့နယ် ဒေသခံများအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် သွားရောက်တွေ့ဆုံ

မိုင်းပန်မြို့နယ် ဒေသခံများအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် သွားရောက်တွေ့ဆုံ

Hsan Loi Editor
15/02/2024
Share:

 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ ဒေသခံများအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံ ပြည်သူလူထု (၆၃၀)ဦးကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

 

တွေ့ဆုံပွဲကို နံနက်(၁၀)နာရီမှ မွန်းလွဲ(၂)နာရီခန့်အထိ မိုင်းပန်မြို့နယ် နားဝန်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့တွေ့ဆုံပွဲတွင် RCSS/SSA ဥက္ကဌမှ အမှာစကား(၅)ချက်ပြောဆိုရာ၌ (၁) အထွတ်အမြတ် (၄) မျိုး၊ (၂) အဖွဲ့အစည်းမှ ချမှတ်ရေးဆွဲခဲ့သော ရပ်တည်ချက်(၆)ချက်နှင့် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေများ၊ (၃) အုပ်ချုပ်ရေး၊ (၄) ရန်သူတော်(၅)ပါး၊ (၅) အားမကိုးထိုက်သောသူ စသည့်အကြောင်းအရာများကို ထည့်သွင်းရှင်းပြခဲ့ပြီး ဒေသခံမိဘပြည်သူများက သိလိုသည်များကို မေးမြန်ခဲ့သည်။

 

ဒေသခံမိဘပြည်သူများ၏ မေးခွန်းများအား ပြန်လည်ဖြေကြားပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်ဟုဆိုသည်။ ယခုတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်သည် RCSS/SSA ၏ ရပ်တည်ချက်နှင့်သဘောထားအား ပြည်သူလူထုများကို ချပြရန်အပြင် ပြည်သူလူထုများနှင့်ပူးပေါင်းဆောင်ရွက်ရန်ရှိသည်များကို ဆွေးနွေးတိုင်ပင်ကြရန်ဖြစ်ကြောင်း သတင်းရရှိသည်။