ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းကိုင်၊ ဟိုပုံးနဲ့ ရပ်စောက် မြို့နယ်က ဒေသခံပြည်သူများကို SSPP/SSA က ခေါ်ယူတွေ့ဆုံကာ ဒေသခံများ၏ လယ်ခင်း ယာခင်းစာရင်းပေးခိုင်းပြီး တစ်ခင်းကို ကျပ် ၅ သိန်း အခွန်ဆောင်ခိုင်းတယ်လို့ ဒေသခံသတင်းရင်းမြစ်မှ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက် က SSPP ရဲ့ အခွန်ဌာနမှ စိုင်းနော်ဖ က ဟိုပုံးမြို့နယ်ရှိ နမ့်ဟူးရွာ၊ နမ့်လင်းရွာနှင့် လွိုင်ဆိုင်ရွာ မှ ဒေသခံများကို နမ့်ဟူးရွာသို့ ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်ပြီး လယ်ခင်း တစ်ခင်းကို ကျပ် ၅ သိန်း အခွန်ဆောင်ခိုင်းတယ်လို့ သိရပါတယ်။
လယ်/ယာခင်း အခွန် ၅ သိန်း ဆောင်ခိုင်းတာနဲ့ ပတ်သက်ပြီး ဟိုပုံးမြို့နယ်မှ SSPP/SSA တာဝန်ရှိသူများကို Hsan Loi Voice အနေနဲ့ ကြိုးစားဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်ထဲမှာဘဲ ရပ်စောက်မြို့နယ်ရှိ မိုင်းလင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများကို SSPP မှ ဘုန်းကြီးကျောင်းသို့ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
” သူတို့ပြောတာတော့ နေအိမ်ရှိ အမျိုးသားတိုင်းကို ၃ လအတွင်း SSPP ထံ သွားရောက်အပ်နှံပေးရမယ်တဲ့၊ RCSS နဲ့လည်း အဆက်အသွယ်မလုပ်ရဘူး၊ ရိက္ခာတွေ မထောက်ပံ့ပေးရဘူးပေါ့၊ စစ်ဆေးတွေ့ရှိလို့ရှိရင် သေဒဏ်ပေးမယ်ဆိုပြီးပြောတာ” လို့ တွေ့ဆုံပွဲမှာပြောတဲ့အကြောင်း သိရှိသူက Hsan Loi Voice ကိုပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မိုင်းကိုင်မြို့နယ်ရှိ ပန်ဆတ်၊ နောင်ဝိုးနဲ့ တုံလောကျေးရွာ အုပ်စုမှ ဒေသခံများကိုလည်း SSPP မှ ပန်ဆတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ အစည်းအဝေးခေါ်ယူပြီး RCSS/SSA အဖွဲ့ကို ရိက္ခာထောက်ပံ့တာ ဆက်သွယ်ဆောင်ရွက်တာ မပြုလုပ်ရကြောင်း SSPP မှ စဝ်နော်ခမ်း ပြောဆိုခဲ့တယ်လို့ စုံစမ်းသိရပါတယ်။