ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မဟာဓာတ်အားလိုင်းတာဝါ (၄၈) တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း (၄၉) တိုင် ပျက်ဆီးသွားဟုဆို 

မဟာဓာတ်အားလိုင်းတာဝါ (၄၈) တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း (၄၉) တိုင် ပျက်ဆီးသွားဟုဆို 

Hsan Loi Editor
03/12/2022
Share:

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ ပစ်ခတ်ခံရမှု (၂၄) ကြိမ်၊ ဓါတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပစ်ခတ်ခံရမှု (၂၀၉) ကြိမ်၊ မိုင်းခွဲခံရခြင်း မဟာဓာတ်အားလိုင်းတာဝါ (၄၈) တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း (၄၉) တိုင်တို့ အသီးသီး ဖောက်ခွဲခံခဲ့ရကြောင်း စစ်ကောင်စီဘက်က ယမန်နေ့က ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

 

လျှပ်စစ်ဓာတ်အား (၁၆၀) မဂ္ဂါဝပ် လျော့နည်းခဲ့ကာ အချို့သောနေရာများတွင် ပြုပြင်ဆောင်ရွက်ခြင်း မပြုလုပ်နိုင်သေးသဖြင့် ဖြန့်ဝေပေးနိုင်မှုမရှိသည်များကို ကြုံတွေ့နေရပါသည်ဟုဆိုသည်။

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်လျှပ်စစ်ရုံး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးသွားခဲ့သည်ဟု ဖော်ပြခဲ့သည်။

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် မြို့ (၁၃) မြို့ ဓာတ်အားပြတ်တောက်ခဲ့ခြင်းနှင့် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းရှိ (၂၀.၅၄) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင်စက်ရုံမှ ဝန်ထမ်းများ၊ နိုင်ငံခြားသားဝန်ထမ်းများ ထွက်ခွာရပြီး ဓာတ်အားပေးစက်ရုံအား ရပ်တန့်ခဲ့ရပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့ရခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သေဆုံးသွားသော ဝန်ထမ်း (၁၉) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၅၆) ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

 

ယမန်နှစ်က ပျက်ဆီးသွားခဲ့သော ဖုန်းတာဝါတိုင်ပေါင်း ၄၀၉ တိုင် ထိရှိပြီး (Mytel တာဝါတိုင် ၃၆၀ ) ဖြစ်သည်ဟု သိရသည်။ သို့သော် ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း မည်မျှပျက်ဆီးသွားကြောင်း စာရင်းအတိအကျ မသိရသေးပါ။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/