ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ မတ်လ ၈ ရက် နံနက်ပိုင်းက မယ်ဆိုင်ဘက်ကမ်းတွင် ခွင့်ပြုချက်မရသော ဆက်သွယ်ရေးပစ္စည်း ၂ စုံ၊ သေနတ် (ရှည်) ၁ လက်၊ ကျည်ဆံ ၂ တောင့်၊ ကျည်အိမ် ၂ ခု ၊ အခြားကျည်ဆံ အမျိုးအစား ၁ စုံတို့ကို ဖမ်းဆီးလိုက်ကြောင်း မယ်ဆိုင်ပရပ်စ်က ဖော်ပြခဲ့သည်။
ထိုင်းဘက်ကမ်းရှိ ဆက်သွယ်ရေးကိရိယာနှင့် အင်တာနက်လိုင်းများကတဆင့် အိမ်နီးချင်း (မြန်မာဘက်ခြမ်းရှိ) call-center ဂိုဏ်းများသို့ ချိတ်ဆက်ဆောင်ရွက်နေမှုကို ဟန့်တားရန်ဖြစ်သည်ဟုဆိုသည်။
ထိုင်း အာဏာပိုင်များ၏ စစ်ဆေးတွေ့ရှိချက်အရ ယင်းကိရိယာများသည် ကီလိုမီတာ ၂၀ နှင့်အထက် ပို့လွတ်နိုင်သော ဆက်သွယ်ရေးကိရိယာများဖြစ်ပြီး ကန့်သတ်ချက်ကို ကျော်လွန်နေသည်ဟုဆိုသည်။
ယင်းမတိုင်မီ မြန်မာဘက်ကမ်းသို့ တရားမဝင်ပို့မည့် ထိုင်းမော်တော်ဆိုင်ကယ် အမြောက်အများကိုလည်း ဖမ်းဆီးခဲ့သည်။