ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဗန်ကောက်မှာကျင်းပခဲ့တဲ့ APEC အာရှပစိဖိတ်စီးပွားရေးဆိုင်ရာ အစည်းအဝေးအတွက် ထိုင်းလုံခြုံရေး အင်အား ဘယ်လောက်သုံးခဲ့သလဲ

ဗန်ကောက်မှာကျင်းပခဲ့တဲ့ APEC အာရှပစိဖိတ်စီးပွားရေးဆိုင်ရာ အစည်းအဝေးအတွက် ထိုင်းလုံခြုံရေး အင်အား ဘယ်လောက်သုံးခဲ့သလဲ

Hsan Loi Editor
26/11/2022
Share:

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈-၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော် Queen Sirikit National Convention Center (QSNCC) ၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး APEC ခေါင်းဆောင်များအစည်းအဝေးအတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့က အင်အား ၃၅,၀၀၀ အထိ အသုံးပြုခဲ့ကြောင်း ထိုင်းစစ်ရေးဆိုင်ရာဘက်က ရေးသားဖော်ပြခဲ့ပါသည်။

 

သို့သော် ဆက်စပ်သည့် အခြားအချက်အလက်များကိုမူ ထုတ်ဖော်ရေးသားဖော်ပြခြင်း မရှိပါ။

 

အမေရိကန်ဒုတိယသမ္မတ Kamala Harris အနေနှင့် ထိုင်းနိုင်ငံပြည်သူလူထု၏ နွေးထွေးသော ကြိုဆိုမှုကို ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်အတွက် အာရှ-ပစိဖိတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး APEC အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ်စကို၌ လက်ခံကျင်းပပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပါသည်။

 

Ref: อาวุธยุทโธปกรณ์ทางทหาร, APEC 2022, Vice President Kamala Harris

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/