ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီဘက်မှ KNDF ဘက်ပြောင်းခိုလှုံလာသူ (၇)ဦးရှိပြီး သုံ့ပန်း (၈)ဦးဖမ်းဆီးရမိ

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီဘက်မှ KNDF ဘက်ပြောင်းခိုလှုံလာသူ (၇)ဦးရှိပြီး သုံ့ပန်း (၈)ဦးဖမ်းဆီးရမိ

Hsan Loi Editor
04/03/2025
Share:

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီဘက်မှ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံ ဘက်ပြောင်းခိုလှုံလာသူ လက်နက်ပါ (၅)ဦးနဲ့ လက်နက်မဲ့ (၂)ဦး စုစုပေါင်း (၇)ဦးရှိပြီး စစ်သုံ့ပန်း (၈) ဦး ဖမ်းဆီးရမီကာ ရှေ့တန်းစစ်မြေပြင်မှာ ဦးတည်ရာမဲ့ထွက်ပြေးတဲ့ တပ်ပြေးများဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန် လုံခြုံစွာ ထိန်းသိမ်းထားတယ်လို့ KNDF က ယနေ့မှာ ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီသည် ကရင်နီပြည်နယ်ရှိ မြို့များပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ် ဆင်ပြီး လွိုင်ကော်မြို့နယ်၊ ဒီးမောဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့တို့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အသက် (၁၀)နှစ်အရွယ် ကလေးအပါအဝင် အရပ်သား ပြည်သူ (၅)ဦး သေဆုံးပြီး(၁၁)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး ၊ ဆေးပေးခန်းနဲ့ အရပ်သား နေအိမ် (၆၀)နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ယနေ့ မတ်လ (၄)ရက် နေ့လည်ပိုင်းမှာလည်း ဒီမောဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး (၈)လုံးလာရောက်ကြဲချတဲ့အပြင် လက်နက်ကြီး (၃)လုံးပါ ပစ်ခတ်သွားပြီး ထိခိုက် ပျက်စီးမှု မသိရသေးကြောင်း ဒေသခံဆီက သိရပါတယ်။