ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ အမှတ်(၂)ခဲသန့်စင်စက်ရုံကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲလို့ ပြည်သူ ၆ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရ 

ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ အမှတ်(၂)ခဲသန့်စင်စက်ရုံကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲလို့ ပြည်သူ ၆ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရ 

Hsan Loi Editor
25/04/2025
Share:

 

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ အမှတ်(၂)ခဲသန့်စင်စက်ရုံကို ယမန်နေ့ ဧပြီလ ၂၄ ရက် မွန်းလွှဲပိုင်းအချိန်က စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ပြည်သူ ၆ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ်များနဲ့ အမျိုးသမီးများ ပါဝင်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတဲ့ နေရာသည် တရုတ်ရဲ့ သတ္တုတွင်းလုပ်ကွက်ဖြစ်တယ်လို့ ဒေသခံများက ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြတာ တွေ့ရပါတယ်။

 

စစ်ကောင်စီတပ်သည် ၎င်းတို့ကိုယ်တိုင် ချမှတ်ထားတဲ့ အပစ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တဲ့အပြင် ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ ပြင်းထန်စွာ ချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်လို့ ဒေသတွင်းလူ့အဖွဲ့ အစည်းများက ထောက်ပြပြောဆိုထားပါတယ်။