ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ NUCC နှင့် NUG အစည်းအဝေး နိဂုံးချုပ်စကားကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျနော်တို့မပြောင်းပါဘူးလို့ ဒီအစည်းအဝေးမှာလည်းပြောချင်ပါတယ်။ ၂၀၀၈ ရှိနေသ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မှာမဟုတ်။ အဓိကက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျဖို့ လိုအပ်နေပါတယ်။ ဝိုင်းဝန်းဆောင်ရွက်ကြရင်မဖြစ်နိုင်စရာမရှိပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့လည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ အထူးအစည်းအဝေးတရပ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ ယနေ့ ညနေ (၄) နာရီ မြန်မာအချိန်တွင် ကျင်းပခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုဝန်ကြီးများနှင့် NUCC ကောင်စီဝင်များ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြသည်။
Ref: ICNCC