ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပျားစစ်ကြောင်းမှ ရဲဘော်မောင်ဘလက် က စိတ်မထိန်းနိုင်ဘဲ ဖယ်ခုံမြို့ရှိ အုံတိုင်းကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယကို ရှင်းလင်းပစ်ခဲ့တယ်လို့ ပျားစစ်ကြောင်းဝန်ခံ

ပျားစစ်ကြောင်းမှ ရဲဘော်မောင်ဘလက် က စိတ်မထိန်းနိုင်ဘဲ ဖယ်ခုံမြို့ရှိ အုံတိုင်းကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယကို ရှင်းလင်းပစ်ခဲ့တယ်လို့ ပျားစစ်ကြောင်းဝန်ခံ

Hsan Loi Editor
09/03/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဇင်းဓမ္မသာရ (ခ) ဦးဇင်းပိန်နှင့် ၎င်း၏ ကပ္ပိယဖြစ်သူ အိုက်ပီး တို့ကို ပျားစစ်ကြောင်းမှ ရဲဘော်မောင်ဘလက် က စိတ်မထိန်းနိုင်ဘဲ ရှင်းလင်းပစ်ခဲ့တယ်လို့ ပျားစစ်ကြောင်းက ဝန်ခံထားပါတယ်။

 

PK Police ရဲ့ထုတ်ပြန်ချက်ထဲမှာ ဦးဇင်းပိန်သည် အမှန်တကယ် တော်လှန်ရေးကို ထိပါးနှောင့်ယှက်သူ၊ စကစထောက်တိုင်များ သက်ဆိုးရှည်အောင် ကူညီထောက်ပံ့ပေးနေသူ၊ စစ်ရှောင်များကို ဖယ်ခုံသို့ ပြန်လိုက် နေကြရန် လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရပြီး ဦးဇင်းပိန်အား ခေါ်ထုတ်ရန် ပြင်ဆင်စဥ် အပြန်အလှန် ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး ပျားစစ်ကြောင်းမှ မောင်ဘလက် (၂၉)နှစ်သည် စိတ်မထိန်းနိုင်ဘဲ ဦးဇင်းပိန်အား ၎င်းနေရာမှာ ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

“ကိုယ့်ခံယူချက်နဲ့ကို တော်လှန်ရေးလုပ်နေတဲ့သူက စိတ်လိုက်မာန်ပါနဲ့ သတ်သွားလိုက်ရပါတယ်ဆိုရင် ကိုယ်ကလည်း စကစနဲ့ အတူတူပဲ။ အာဏာရှင်ကိုတွန်းလှန်ရင်း ကိုယ်ကိုတိုင် အာဏာရှင်မဖြစ်ဖို့ လိုတယ်၊ ဆရာတော်က တကယ်ဒလန်ဟုတ်မဟုတ်ဆိုတာ ဆရာတော်နဲ့ သိကျွမ်းဖူးသူတွေက ပိုသိမှာပါ” လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူက ပြောပါတယ်။

 

၎င်းကိစ္စနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ အပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

 

စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေတဲ့ အုံးတိုင်ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ(ခ) ဦးဇင်းပိန် သက်တော် ၄၈ နှစ်နှင့် ကပ္ပိယ စိုင်းပီး ၄၀ နှစ်သည် ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဖယ်ခုံမြို့နယ်ရှိ အုံးတိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

 

Photo – ဦးဇင်းပိန် နှင့် ကပ္ပိယ စိုင်းပီး