ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပင်လောင်းမြို့နယ် လွယ်ကျိုင်းဘုန်းကြီးကျောင်းပေါ် ဒရုန်းဗုံးဖြင့်ပစ်ချခံရပြီး ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူ

ပင်လောင်းမြို့နယ် လွယ်ကျိုင်းဘုန်းကြီးကျောင်းပေါ် ဒရုန်းဗုံးဖြင့်ပစ်ချခံရပြီး ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူ

Hsan Loi Editor
22/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီတပ်နှင့် PNO တို့က ဒရုန်းဗုံးဖြင့် ဇွန်လ (၁၉)ရက်နေ့ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

 

ဒရုန်းဗုံးထိမှန်ပြီး သက်တော် ၃၉ နှစ်ရှိသော ကျောင်းထိုင်ဆရာတော် အရှင်ဦးနေမိန္ဒ ပျံလွန်တော်မူခဲ့သည်ဟု PNLA ကဖော်ပြသည်။

 

ဒါ့အပြင်အဆိုပါ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသည့်အတွက် နောက်ထပ်ဒေသခံပြည်သူ (၅) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

အရှင် ဦးနေမိန္ဒသည် သျှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး အိမ်အမည်မှာ စိုင်းလောဝ်ခမ်းဖြစ်ကြောင်း သိရသည်။