ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာ ရဟန်းသံဃာနှင့် ပြည်သူများ အသတ်ခံရသည့်ကိစ္စ PNA နှင့်နီးစပ်သည့် ပအိုဝ်းအမျိုးသားများက ကန့်ကွက်ရူံချ

ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာ ရဟန်းသံဃာနှင့် ပြည်သူများ အသတ်ခံရသည့်ကိစ္စ PNA နှင့်နီးစပ်သည့် ပအိုဝ်းအမျိုးသားများက ကန့်ကွက်ရူံချ

Hsan Loi Editor
15/03/2023
Share:

 

ယနေ့ မတ်လ ၁၅ ရက်နေ့ တွင် ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာခံ ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းအပေါ် ကန့်ကွက်ရှုတ်ချပွဲအား တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် တပေါင်းကွင်း၌ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်ဟု PNA နှင့် နီးစပ်သည့် အရင်းအမြစ်များက ထုတ်ဖော်ရေးသားခဲ့သည်။

 

ဆန္ဒထုတ်ဖော်ပွဲကို တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအများစုက တက်ရောက်လာသည်ကို တွေ့ရပြီး

 

၁။ ပအိုဝ်းပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မခိုးယူနေသော အကြမ်းဖက်သမားများ အလိုမရှိ

 

၂။ ပအိုဝ်းဒေသအတွင်း ကျုးကျော်စစ်တလင်းဖန်တီးမှု အလိုမရှိ

 

၃။ သာ့သနာအဆောက်အဦးများ ပြည်သူလူထုနေအိမ်များ မီးရိူ့ဖျက်ဆီးမှု အလိုမရှိ

 

၄။ သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများ အလိုမရှိ

 

၅။ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာရေး ဒို့အရေး ဒို့အရေး ဒို့အရေး

 

ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်ကို တွေ့ရပါသည်။

 

နွေဦးတော်လှန်ရေး၌ပါဝင်လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားများဘက်ကလည်း ယနေ့ကန့်ကွက်ရူံ့ချပွဲနှင့် ပါတ်သက်ပြီး “ အသုံးချခံရတာ ရင်နာတယ် ပြည်သူက လက်နက်မရှိ ဘာမှမတုန့်ပြန်ရဲတော့ သူများခိုင်းတိုင်း တိတ်တိတ်လေး သွားနေရတာ လုပ်နေရတာ” ဟု ၎င်းတို့အမြင်သဘောထားကို ထုတ်ဖော်ရေးသားထားပါသည်။

 

Photos: နန်းဥမ္မာ