ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်၊ ပင်လုံမြို့နယ်၊ အမှတ် ၄ ရပ်ကွက် (တုမ်မိုရပ်) နေ အရပ်သားတဦးထံမှ SSPP နှင့် တပ်ပေါင်းစုအဖွဲ့အစည်းက ငွေကျပ်သိန်း ၈၀၀ (ကျပ်သိန်း ၈၀၀ ) ချိန်း ခြောက်တောင်းယူမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတဦးက သတင်းပေးပို့လာပါသည်။
ချိန်းခြောက်ခံရသူသည် စိုင်းဆိုင်မိန်းဟု အမည်ရကြောင်း သိရှိရပါသည်။ (ကျပ် သိန်း ၈၀၀) မပေးပါက ယခင် ဆီဆိုင်ပိုင်ရှင် ဒေါ်ညိုကဲ့သို့ အသတ်ခံရမည်ဖြစ်ကြောင်း ချိန်းခြောက်ထားသည်ဟု ဆိုပါသည်။
စိုင်းဆိုင်မိန်းသည် ဆမ်ဆန်ကျေးရွာမှ ပင်လုံမြို့ ဧရိယာအတွင်းသို့ ပြောင်းရွှေ့နေထိုင်လာသူ တဦးဖြစ်ကြောင်း သိရသည်။
စိုင်းဆိုင်မိန်းအပြင် အခြားပုဂ္ဂိုလ် ၂ ဦးလည်း ယင်းကဲ့သို့ ချိန်းခြောက်ငွေတောင်းယူခံထားရကြောင်း ပြောပါသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/