ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့မှာ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မနေ့က တိုက်ပွဲပြင်းထန်ပြီး ယနေ့ သြဂုတ်လ(၁၁)ရက် နံနက်ပိုင်းမှာ မြို့ပေါ်မြင်ကွင်းများအား ယခုကဲ့သို့ တွေ့မြင်ရသည်။
ယမန်နေ့ သြဂုတ်လ(၁၀)ရက် နံနက် ၅ နာရီခန့်မှစတင်ကာ နွားထိုးကြီးမြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ရှိ စစ်ကောင်စီတပ်များအား ပစ်မှတ်ထားကာ ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နှစ်ဖက်တိုက်ခိုက်မှုအပြီး ကမ္ဘောဇဘဏ် အဆောက် အဦး ပျက်စီးမှုအချို့ရှိကာ နေအိမ်အဆောက်အဦးအချို့နှင့် အစိုးရရုံးများမီးလောင်ပျက်စီးခဲ့သည်။
ထရန်စဖော်မာ အချို့မီးလောင်မှုကြောင့် မြို့တွင်းလျှပ်စစ်မီး ပြတ်တောက်နေပြီး အခွန်ဦးစီးဌာနရုံး၊ စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်တို့ မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” မနေ့က မြို့ထဲမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးတော့ လျှပ်စစ်မီးရော ဖုန်းလိုင်းရော ပြတ်တောက်သွားတယ်၊ မြို့ခံကလူတွေ တခြားဒေသကို ပြောင်းရွှေ့တိမ်းရှောင်ဖို့ ထွက်လာတာ လမ်းတဝက်မှာတင် ပြန်လှည့်ဝင်ရတယ်၊ စစ်တပ်က ပေးမသွားဘူး” လို့ Hsan Loi Voice ကို ပြောပါသည်။
နွားထိုးကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းအချို့ ရရှိခဲ့ကြောင်း နွားထိုးကြီး ပကဖ၏ ပြောရေးဆိုခွင့်သူက မီဒီယာတစ်ချို့မှာ ထုတ်ဖော်ပြောကြားထားကြောင်း သိရှိရပါသည်။