ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နောင်ချိုမြို့ရှိ လောက်ဖန်းရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ အဖွားအို ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

နောင်ချိုမြို့ရှိ လောက်ဖန်းရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ အဖွားအို ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Hsan Loi Editor
21/02/2025
Share:

 

TNLA ထိန်းချုပ်ထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဖွားအို ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီကျော်အချိန်က စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ၂ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် သက်ကြီးအဖွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်က နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် သို့ စစ်ကောင်စီတပ်မှ ဗုံး(၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဘူတာရပ်ကွက်ထဲမှာ နေထိုင်တဲ့ ဒေသခံ(၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ဆေးရုံမှာလည်း ဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ(၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူများ နေထိုင်ရာဒေသကို နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။