ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အစပ် သရက်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။
သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် ၄၀ ကျော် ၊ ၆၀မမ ၂ လက် ၊ Drone Jammer ၁ ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် စစ်ကောင်စီတပ်သား (၂၁) ဦး သေဆုံးခဲ့သည်။
အခြားတစ်ဖက်တွင်မူ ပြင်ဦးလွင် စစ်တက္ကသိုလ်အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော PDF (၄) ဦးအား ဧပြီလ (၁၄) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့သလို (၅) ဦးကိုလည်း အသေဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ သတင်းအရင်းအမြစ်ကလည်း ဖော်ပြခဲ့သည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့နယ် သရက်ကုန်း သပြေကုန်း ညောင်ပင်သာ စသည့်ကျေးရွာများ၌ တိုက်ပွဲများ ဖြစ်ပွားနေသေးပြီး သရက်ကုန်းဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ရကာ ပြည်သူလူထုများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။