နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် ဝမ်းနည်းရတယ်လို့ ကိုးကန့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Kokang မီဒီယာမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
လားရှိုးဆေးရုံရှိ စက်ပစ္စည်းများ ယူဆောင်သွားတဲ့အကြောင်း အွန်းလိုင်းပေါ်မှာ ရေးသားပြောဆို နေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူက “ စစ်ကောင်စီက ပြန်လည်တာဝန်ယူမယ့်ရက်နဲ့ ဆေးရုံပိတ်ရတဲ့ရက်က တစ်ပတ်လောက်ကွာနေတာကြောင့် ကျောက်ကပ်ဆေးတဲ့စက်ကို ယူသွားရကြောင်း၊ အရေးတကြီး လိုအပ်တဲ့ စက်ပစ္စည်း၊ ဆေးဝါး ၂၀% လောက်သာ ယူသွားခဲ့တယ်” လို့ ဆိုပါတယ်။
အဆိုပါ ဆေးရုံမှာ ကျောက်ကပ်လာဆေးတဲ့ လူနာ (၅၀)ဦး ရှိနေပြီး ကျောက်ကပ် မဆေးရရင် အသက် ဆုံးရှုံးနိုင်တဲ့ လူနာရှိတဲ့အတွက် ကျောက်ကပ်ဆေးတဲ့စက်ကို လမ်းခရီးအနီးဆုံးဖြစ်တဲ့ သိန္နီဆေးရုံကြီး မှာ ပြောင်းရွှေ့ထားခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးတဲ့နောက် ၂၀၂၄ သြဂုတ်လ ၁၀ ရက်မှစတင်ကာ ကျန်းမာရေးကဏ္ဍကို စတင်လည်ပတ်နိုင်ပြီး ယခုနှစ် ဧပြီလ ၈ ရက်နေ့အထိ လားရှိုးပြည်သူ့ဆေးရုံကြီး မှာ ၈ လတာ ကာလအတွင်း အတွင်း/အပြင်လူနာ စုစုပေါင်း (၉၅,၂၅၈) ဦး ဆေးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ယမန်နှစ် သြဂုတ်လဆန်းပိုင်းက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လားရှိုးမြို့ကို ကိုးကန့် MNDAA က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့ ဖိအားကြောင့် ယခုဧပြီလအတွင်း လားရှိုးမြို့ပေါ်ရှိ ကိုးကန့်တပ်များအနေနဲ့ လားရှိုးမြို့ကနေ အပြီးတိုင် ပြန်လည်ထွက်ခွာရတော့မှာဖြစ်ပါတယ်။
ဧပြီလ ၁၈ ရက်ကစပြီး လားရှိုးမြို့တွင်းသို့ စစ်ကောင်စီတပ်တွေနဲ့ ဌာနဆိုင်ရာတွေ စတင်ဝင်ရောက် လာတာဖြစ်ပြီး မေလမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား ပြန်စတင်လည်ပတ်မယ်လို့ သိရပါတယ်။