ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နမ့်လန်မြို့သို့ တိုက်ပွဲကူးစက်မည်ကို စိုးရိမ်သောကြောင့် သံဃာတော်များနှင့် ပြည်သူအချို့ ကြိုတင်တိမ်းရှောင်

နမ့်လန်မြို့သို့ တိုက်ပွဲကူးစက်မည်ကို စိုးရိမ်သောကြောင့် သံဃာတော်များနှင့် ပြည်သူအချို့ ကြိုတင်တိမ်းရှောင်

Hsan Loi Editor
20/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ပွဲများ နမ့်လန်မြို့သို့ ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် ဒေသခံအချို့နှင့် သံဃာတော်များ ကြိုတင်တိမ်းရှောင်နေပြီဖြစ်သည်။

 

ယနေ့ (၁၉.၇.၂၀၂၄) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ မြို့လယ်ကျောင်က ကိုရင် (၃၀) ပါး တောင်ကြီးမြို့သို့ တိမ်းရှောင်လာခဲ့သည်။ တိမ်းရှောင်လာသော ကိုရင်လေးများအား တောင်ကြီးမြို့ရှိ ပိဋကတ်သျှမ်းကျောင်း စစ်ဘေးရှောင်စခန်းက လက်ခံထားသည်။

 

“ လားရှိုး၊ ကျောက်မဲ ဘက်က စစ်ဘေးရှောင်တော်တော်များများတော့ တောင်ကြီးကို ရောက်နေတာ တစ်ပတ်ကျော်နေပြီ။ လောလောဆယ်တော့ စစ်ဘေးရှောင်စခန်း (၄) နေရာမှ လက်ခံထားရှိပြီးတော့ စုစုပေါင်း လူဦးရေ (၈၀၀) နီးပါးဖြစ်နေပြီ။ ဒီနေ့ညနေလည်း နမ့်လန်က ကိုရင်လေးတွေ နောက်ထပ် (၃၀) ရောက်လာလို့ ပိဋကတ်ကျောင်းမှာ ထားရှိထားပါတယ်။ နမ့်လန်ကို စစ်ပွဲရောက်လာမှာစိုးလို့ ကြိုတင်ပြေးလာကြတယ်လို့တော့ ပြောတယ်။ နောက်ထပ် ကျောက်မဲနဲ့နမ့်လန်က လူတွေထပ်ရောက်လာဦးမယ်လို့ပြောတယ်။ လောလောဆယ် ဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေတော့ လူပြည့်နေပြီ။” ဟုစစ်ဘေးရှောင်များအား ကူညီရေးလုပ်ငန်းဆောင်ရွက်နေသူ တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် နမ့်လန်မြို့ဆီ စစ်ပွဲရောက်ရှိလာနိုင်သော အရိပ်အယောင်များကြောင့် ဒေသခံများစိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်နေကြခြင်းဖြစ်သည်။