ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်းနမ့်စန်မြို့နယ်၊ နမ့်မော်ခေါက် ဆင့်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၃ ရက်က သိန်း ၂၈၀ တန် ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ ကြောင်း CCDAC MYANMAR ထုတ်ပြန်ချက်အရ သိရသည် ။
ခိုလမ်မှ နမ့်စန်မြို့သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးပေါ်တွင် သိုဝှက်သယ်ဆောင်လာသောအိုက်စ်(မက်သ်အဖက် တမင်း)အလေး ချိန် ၂ ကီလို(ဒေသကာလ ပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၂၈၀) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
လက်ရှိတွင်အဆိုပါအမျိူးသားအား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။