နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ်

နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ်

Hsan Loi Editor
31/05/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ယနေ့ မေလ ၃၁ ရက် နေ့လည်ပိုင်းအချိန်က ပေါက်ကွဲမှုဖြစ်ပွားပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး သေဆုံးဒဏ်ရာ ရရှိသူလည်း များပြားတယ်လို့ ဒေသခံနဲ့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
No photo description available.
အခုပေါက်ကွဲမှုဟာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာမဟုတ်ဘဲ TNLA ရဲ့ စမ်းသပ်ဆဲ ယမ်းထုတ်လုပ်ရုံမှ ဖြစ်တယ်လို့ ဒေသခံတွေ ပြောဆိုကြပေမယ့် Hsan Loi Voice အနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်း နေပါတယ်။
No photo description available.
ပေါက်ကွဲမှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တအာင်းတပ် TNLA က စုံစမ်းစစ်ဆေးနေပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
May be an image of one or more people
လက်ရှိအချိန်မှာတော့ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၁၀ ဦးကျော် ရှိနေပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ထုတ်နေသလို သေဆုံးသူတွေလည်း ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။