ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပီတာကို ပါလီမန်အမတ်အဖြစ်မှ ဆိုင်းငင့်ကြောင်း ထုတ်ပြန်၊ ပီတာ စိန်ခေါ်မှု ကြီးမားနေပြီ 

ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပီတာကို ပါလီမန်အမတ်အဖြစ်မှ ဆိုင်းငင့်ကြောင်း ထုတ်ပြန်၊ ပီတာ စိန်ခေါ်မှု ကြီးမားနေပြီ 

Hsan Loi Editor
19/07/2023
Share:

 

ယနေ့ ဇူလိူင်လ ၁၉ ရက်နေ့တွင် ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက MFP ပါတီ ခေါင်းဆောင်၊ ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုထားသည့် ပီတာကို မေလရွေးကောက်ပွဲတုန်းက အိုင်ထီဝီ ရုပ်မြင်သံကြား/ရုပ်သံ ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုဖြင့် ပါလီမန်အမတ်အဖြစ်မှ ဆိုင်းငင့်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါသည်။

 

အဆိုပါ စွပ်စွဲချက်ကို ထိုင်းရွှေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြခဲ့ရာ တရားသူကြီး ၉ ဦးထဲမှ ၇ ဦးက ဆိုင်းငင့်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ပီတာကို ပါလီမန်အတွင်း ဝင်ခွင့် ပိတ်ပင်လိုက်သလိုဖြစ်သွားသော်လည်း ၎င်းအား ဝန်ကြီးချုပ်အဖြစ် ဆက်လက် မဲပေးရွေးချယ်သည့်အချိန်၌ ပြန်လည်ဝင်ရောက်ခွင့်ပြုထားသည်။

 

ပီတာအနေနှင့် ၁၅ ရက်အတွင်း အယူခံတင်သွင်းနိုင်သည်ဟုလည်းဆိုသည်။ ယင်းမတိုင်မီတွင်လည်း Plan A ပီတာ ဝန်ကြီးချုပ်အဖြစ် ရွှေးချယ်ခံရခြင်း မပြုလုပ်နိုင်ပါက Plan B ကို စဉ်းစားထားသည့် သတင်းများထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။

 

လူထု၏ ဆန္ဒနှင့်အညီ တိုက်ရိုက် ရွှေးကောက်ခံထားရသည့် ပါလီမန်အမတ်ဖြစ်ကြောင်း သူက ယနေ့ တုန့်ပြန်ထားသည်။

 

ယခင် ထိုင်းစစ်တပ်ခန့် ဆီနိတ်တာ အမတ် ၂၅၀ ထဲမှ ၂၄၉ ဦးက ပရယုတ်ကျန်အိုးချားကို မဲပေးခဲ့ရာတွင် ပရယုတ် ကျန်အိုးချားကို မဲပေးခြင်းမဟုတ်ပဲ အောက်ပါလီမန်အမတ်များ၏ သဘောထားဆန္ဒနှင့်အညီဟု အကြောင်းပြချက်ပေးခဲ့ဖူးကြောင်း ပီတာက ရေးသားဖော်ပြထားသည်။

 

ယခု သူသည် အောက်ပါလီမန်အမတ် အများစု ထောက်ခံမဲရရှိထားသည်မှာ ရှင်းလင်းနေပြီး အဘယ့်ကြောင့်ကို ၎င်းကိုမဲမပေးသနည်းဟု တုန့်ပြန်ထားပါသည်။

 

Ref: The Nation, Khaosod