ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ထိုင်းနိုင်ငံအတွင်း ကာလအတန်ကြာနေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူ လူဦးရေ(၅)သိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု အမျိုးသားလုံခြုံရေးကောင်စီရုံးက ထိုင်းအစိုးရထံ အဆိုပြုထားသည့်အတိုင်း ထိုင်းအစိုးရ၏ အောက်တိုဘာလ (၂၉)ရက် ကက်ဘိနက်ဆုံးဖြတ် ချက်အရ သဘောတူညီကြောင်း ထိုင်းမီဒီယာများက ရေးသားဖော်ပြထားကြောင်း သိရသည်။
နိုင်ငံသားပေးအပ်ခြင်းအတွက် စစ်တမ်းကောက် ယူရာတွင် ထိုင်းနိုင်ငံအတွင်း ကာလအတန်ကြာ နေထိုင်လာခဲ့သူ စုစုပေါင်း (၄၈၃၆၂၆)ဦးကို အုပ်စု(၄)ခုခွဲကာ ပထမအုပ်စုတွင် ၁၉၈၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အကြား ရွှေ့ပြောင်းနေထိုင်သူ (၁၂၀,၀၀၀)ဦးခန့်၊ ဒုတိယအုပ်စုတွင် ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ်ကြား ရွှေ့ပြောင်းနေထိုင်သူ (၂၁၅,၀၀၀) ဦးခန့်တို့ ပါဝင်ကြောင်း သိရသည်။
တတိယအုပ်စုတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားသည့် တိုင်းရင်းသားလူမျိုးစုများ၏ ကလေးငယ် (၂၉,၀၀၀)ဦးနှင့် အုပ်စု(၄)တွင် အထောက်အထားမရှိသည့် မိဘများမှ မွေးဖွားသည့် ကလေးငယ် (၁၁၃,၀၀၀) ဦးခန့်တို့ကို ထိုင်းနိုင်ငံသားအဖြစ်ပေးအပ်ရန် ထိုင်းအမျိုးသားလုံခြုံ ရေးကောင်စီက တင်ပြထားကြောင်း ထိုင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
အဆိုပါ နိုင်ငံသားအဖြစ် ပေးအပ်ပြီးပါက ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်မည့်အပြင် ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုမည်ကိုယုံကြည်သည်ဟု ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထိုင်းမီဒီယာမှာ ဖြေကြားသွားခဲ့ကြောင်း သိရှိရပါသည်။