ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းဒုရဲချုပ်အိမ်ရာကို အွန်လိုင်းလောင်းကစားဂိမ်းနှင့် ပါတ်သက်သည့်စွပ်စွဲချက်ဖြင့် ဆိုဒ်ဘာရဲတပ်ဖွဲ့က ရှောင်တခွင် ဝင်ရောက်ရှာဖွေမှုပြုလုပ်

ထိုင်းဒုရဲချုပ်အိမ်ရာကို အွန်လိုင်းလောင်းကစားဂိမ်းနှင့် ပါတ်သက်သည့်စွပ်စွဲချက်ဖြင့် ဆိုဒ်ဘာရဲတပ်ဖွဲ့က ရှောင်တခွင် ဝင်ရောက်ရှာဖွေမှုပြုလုပ်

Hsan Loi Editor
25/09/2023
Share:

 

ယနေ့ ၂၀၂၃ ခု စက်တင်ဘာလ ၂၅ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ထိုင်းဒုရဲချုပ် ဆူရချတ် (ဗစ် ဂျုတ်) အိမ်ရာကို အွန်လိုင်းဂိမ်းတွေနဲ့ ပါဝင်ပါတ်သက်မှု စွပ်စွဲချက်ဖြင့် ဆိုဒ်ဘာရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

 

ဒုရဲချုပ်က ၎င်းအိမ်ရာအတွင်း ကနဦး ရှာဖွေခွင့် မပြုခဲ့သော်လည်း ပြန်လည်ရှာဖွေစစ်ဆေးခွင့်ပြုခဲ့သည်။ ဆိုဒ်ဘာရဲတပ်ဖွဲ့အနေဖြင့် ကနဦး မည်သည့်အထောက်အထားမျှ မတွေ့ရကြောင်း ဆိုသည်။

 

သို့သော် ၎င်း၏ ဂျုနီယာရဲတပ်ဖွဲ့ဝင် တပည့်အချို့ လာအိုရှိ အွန်လိုင်းလောင်းကစားဂိမ်း ဘတ် ၁ သန်း လွဲပြောင်းပေးပို့မှုနှင့် ဆက်စပ်နေကြောင်း စွပ်စွဲချက်ထွက်ပေါ်နေပါသည်။

 

ဘဏ်အကောင့်ထဲသို့ သံသယဖြစ်ဖွယ် ငွေစီးဆင်းဝင်ရောက်မှု ခိုင်လုံသောအထောက်အထားအချို့တွေ့ရှိထား၍ ဆိုဒ်ဘာရဲတပ်ဖွဲ့က တရားရုံးကို ဝင်ရောက်စစ်ဆေးခွင့် လျှောက်ထားခဲ့သည်။

 

၎င်းလက်အောက်ရှိ ရဲမှူးချုပ်၊ ရဲမှူးကြီးအပါအဝင် အချို့ ရဲအရာရှိပိုင်းကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဟု ဘန်ကောက်ပို့်စ်က ယနေ့နံနက်၌ ဖော်ပြထားသည်။

 

လာမည့် စက်တင်ဘာလကုန်တွင် လက်ရှိ နိုင်ငံတော်ရဲချုပ်ကြီး ဒမ်းလုံးဆတ် ကစ်သီဖရပါ့ ရာထူးမှအနားယူတော့မည်ဖြစ်ရာ ထိုင်းနိုင်ငံတော်ရဲချုပ်ကြီးသစ် ရွေးချယ်ခန့်အပ်မှု ပြုလုပ်တော့မည်ဖြစ်သည်။

 

ယခုရှာဖွေစစ်ဆေးခံရသည့် ဒုရဲချုပ်သည် နိုင်ငံတော်ရဲချုပ်ကြီး အမည် အဆိုတင်သွင်းခံထားရသူ ၄ ဦးထဲမှ ၁ ဦးဖြစ်သည်။ ၎င်းအနေနှင့် ထိုင်းရဲချုပ်ကြီးရာထူးကို မမျှော်မှန်းထားပဲ တာဝန်အရသာ ဆက်လက် လုပ်ဆောင်သွားမည်ဟု မီဒီယာများကတဆင့် ဖြေကြားသွားပါသည်။

 

ထိုင်းဒုရဲချုပ် ဆူရချတ် (ဗစ် ဂျုတ်) သည် ၎င်း၏လုပ်ငန်းတာဝန်ကိစ္စများနှင့် ပါတ်သက်ပြီး မီဒီယာပေါ်၌ ကောင်းမွန်သောနာမည်ရရှိထားသူတဦးဖြစ်သည်။

 

Big Cleaning Day ဆောင်ပုဒ်ဖြင့် အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းများကို ဖမ်းဆီးအရေးယူမှုပြုလုပ်ရာ ရဲချုပ်အဆင့်ထိ ရှာဖွေဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခံရလာပါသည်။

 

Ref: Thai PBS, Khaosod, Bangkok post