ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ စက်တင်ဘာလ (၃) ရက်နေ့ နံနက် (၄)နာရီခန့်တွင် မန္တလေးမြို့အား တော်လှန်ရေးအင်အားစုများက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုစတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ အခြေချတပ်စခန်းများကို ထိခိုက်ခြင်းမရှိဘဲ ပြည်သူလူထုအဆောက်အအုံများကိုသာ ထိခိုက်ခဲ့သည်။
တော်လှန်ရေးအင်အားစုပစ်ခတ်လိုက်သည်ဟု ယူဆရသော ရှော့တိုက်ဒုံးများသည်
မန္တလေးမြို့ လမ်း၈၀×၁၁×၁၂လမ်းကြား korea အကြောပြင် တိုက်အပေါ်ဆုံးထပ်သို့လက်နက်ကြီးတစ်လုံး၊ ဒုတိယတစ်လုံးသည် အမှတ်၄ ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ ၊တတိယတစ်လုံးသည် ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲကြောင်းနှင့် စတုတ္ထတစ်လုံးသည်
၈ လမ်း ၉ လမ်းကြား ၈၉ လမ်း ညောင်ကွဲရပ်ရှိ လူနေအိမ်အား ထိမှန်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။