ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ချွန်းတက်သည့် လူငယ်တစ်စု ဓါးထောက်လု ယက်ခံရ 

တောင်ချွန်းတက်သည့် လူငယ်တစ်စု ဓါးထောက်လု ယက်ခံရ 

Hsan Loi Editor
23/01/2023
Share:

 

တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော ပတ္တမြားဂူအနီးတွင် ဇန်နဝါရီ ၂၂ ရက်နေ့က လူငယ်တစ်စု ဓါးထောက်လုယက်ခံ ရကြောင်း သိရသည် ။

 

” တောင်ချွန်းတက်ပြီး အပြန်လမ်း တောင်ချွန်းနဲ့ ပတ္တ မြားဂူရဲ့ တောအလယ်ကြားမှာ ဓားထောက်ပြီးဓားမြတိုက်ခံရတာပါ ၊ ဓားမြောင်ကြီးနဲ့ သူငယ်ချင်းလည်ပင်းကို ထောက်ပီးတော့ကို လုပ်သွားတော့ အကုန်လုံး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတာပါ” ဟု လုယက်ခံရသည့် ကာယာကံ ရှင် တစ်ဦးကပြောသည် ။

 

၄င်းလူငယ်များထံမှ ဖုန်း (6)လုံးနှင့် ငွေကြေးတစ်ချို့လုယက်ခံလိုက်ရကြောင်း သိရသည် ။

 

” အဲ့နေရာက ဖြစ်နေကျပဲ ၊ တောင်ချွန်းမှာက စစ် တပ်ပဲရှိတာတစ်ခါမှ ဖမ်းမိတယ်လို့မကြားဖူးဘူး၊အရင်ကလည်းအတွဲတွေလာလာချိန်းတွေ့တော့ လု ယက်မှုတွေ ခဏ ခဏဖြစ်တယ် ” ဟုတောင်ကြီးမြို့ခံတစ်ဦးကပြောသည် ။

 

တောင်ချွန်းနှင့် ပတ္တမြားဂူအနီးတွင်မကြာခဏလု ယက်မှု များဖြစ်ပွားတတ်ပြီး ဖမ်းဆီးရမိခြင်းမရှိသောကြောင့် လည်ပတ် ရန်မသင့်သည့်နေရာအဖြစ် မြို့ခံများကပြောဆိုဝေဖန်ကြသည် ။