ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် သျှမ်းပြည်နယ်တောင်ပိုင်း ပြေးဆွဲလျက်ရှိသော ခရီးသည်ယာဉ်များ လက်မှတ်ခများ ပုံမှန်ထက်(၂)ဆ ပိုမိုကောက်ခံလျက်ရှိပြီး တောင်ကြီး-လားရှိုး အဝေးပြေးခရီးသည်တင်ယာဉ်ငယ် လက်မှတ်တစ်စောင်(၁)သိန်းမှ တစ်သိန်းနှစ်သောင်းအထိ ရောင်းချလျက်ရှိကြောင်း သိရသည်။
“အရင်တုန်းက တောင်ကြီး-လားရှိုး ကားလက်မှတ်ခတွေက တစ်ယောက်ကို (၅)သောင်းလောက်ပဲ ရှိပါတယ်။ အခုက လမ်းမှာ စစ်ဆေးရေးဂိတ်ပေါင်းစုံပေးရတယ် ဂိတ်ဖြတ်ကြေးပေးရတာနဲ့တင် တစ်ခေါက်ကို (၅)သောင်းလောက်ရှိတယ်ဗျာ။ ဖြတ်လမ်းတွေကို သုံးပြီး သွားရတဲ့အတွက် ဆီပိုကုန်သလို ကားလည်းပျက်တယ်။ တောင်ကြီး-လားရှိုးလမ်းဆိုရင် အရင်က သွားလာရတာ လွယ်ကူတော့ ခရီးလည်းမကြာဘူး ကားလက်မှတ်ခလည်း စေ◌ျးမကြီးဘူး။ အခုက တံတားတွေလည်း ပျက်တော့ ကွေ့ပြီးသွားရတာတွေ တောလမ်းကဖြတ်သွားရတာတွေကြောင့် အရမ်းကြာတယ်။ ခရီးသည်တွေအတွက် ခက်ခဲသလို ကျနော်တို့ ကားဆရာတွေအတွက်လည်း ခက်ခဲတယ်ဗျ။” တောင်ကြီး-လားရှိုး ခရီးသည်ယာဉ်ငယ် မောင်းနှင်သော ကားဆရာတစ်ဦးက ပြောပြသည်။
လားရှိုး-သီပေါကို ယခင်ကပုံမှန်အတိုင်း သွားလာနိုင်သော်လည်း ယခုအခါ ရေပူတံတား(စဉ့်အင်)ပျက်စီးနေမှုကြောင့် မိုင်းရယ်ဘက်မှတစ်ဆင့် နမ့်လန်-တောင်ကြီးကို ခရီးဆက်ရသည်ဟုဆိုသည်။ နောက်ပိုင်းတွင် စဉ့်အင်တံတားကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယာယီတံတား ထိုးပြီး ဖြတ်သန်းနိုင်ရန် တည်ဆောက်ထားသော်လည်း ဖြတ်သန်းခများစွာ ပေးဆောင်ရသည်ဟုသိရသည်။
“မဖြစ်မနေခရီးသွားနေရလို့သာ သွားနေရတာ သွားရလာရတာ စရိတ်လည်းမသက်သာသလို လူလည်းအရမ်းပင်ပန်းတယ်။ တစ်လမ်းလုံးစစ်ဆေးရေးဂိတ်တွေချည်းပဲ။ အခုဆိုရင် လားရှိုး-တောင်ကြီး တစ်ခေါက်သွားရင် အသွားအပြန် ကားခပဲကို (၂)သိန်းကျော်နေပြီ။ ဒါတောင် လမ်းမှာ စားတာသောက်တာတွေမပါသေးဘူး။”ဟု ခရီးသည်တစ်ဦးကလည်း ပြောပြသည်။
သျှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့၏ (၁၀၂၇)စစ်ဆင်ရေးကြောင့် လမ်းတံတားများစွာ ပျက်စီးခဲ့ရပြီး အခုထိ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသေးပါ။